မြောက်ပိုင်း ကျောင်းသားတပ်မတော် ၌ ရှစ်လေးလုံးအခမ်းအနားကျင်းပ
သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၈ နှစ်ပြည့် အခမ်းအနားကို မြန်မာနိုင်ငံ နေရာတော်တော် များများတွင် ကျင်းပပြုလုပ်နေကြသလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ( ABSDF မြန်မာပြည်မြောက်ပိုင်း) ဌာနချုပ်ရှိရာ ကချင်ပြည်နယ် ဂျန်ထုန်လခွမ်းဘွမ် ဒေသတွင်လည်း သြဂုတ်လ ၈ ရက်နေ့ ဒီကနေ့မှာ ကျင်းပခဲ့ကြသည်။
အခမ်းအနားကို နံနက် ၁၀ နာရီ မှ ၁၂ နာရီအထိကျင်းပခဲ့ပြီး ၂၈ နှစ်မြောက် ရှစ်လေးလုံးနေ့ အခမ်းအနားပြုလုပ်ရသော ရည်ရွယ်ချက်နဲ့ ပတ်သက်၍ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF မြန်မာပြည် မြောက်ပိုင်း ) ဥက္ကဌ ဗိုလ်မှူး လဆိုင်းက ယခုလို ပြောဆိုသည်။
“အဓိကရည်ရွယ်ချက်ကတော့ ရှစ်လေးလုံးစိတ်ဓာတ်ကို ကျနော်တို့ ဆက်လက်ပြီးတော့ အကောင် အထည်ဖော်ဖို့ ရှစ်လေးလုံးအရေးတော်ပုံတုန်းက ကျနော်တို့ တောင်းဆိုခဲ့တဲ့ ပြည်သူတစ်ရပ်လုံး တစ်ခဲနက်တောင်းဆိုခဲ့တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ပါတီစုံ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ လူ့အခွင့်အရေးရရှိရေး၊ ပြည်ထောင်စုဖော်ဆောင်ဖို့ပေါ့နော အဲဒါမျိုး ကျနော်တို့ တောင်းဆိုခဲ့တာ ဒါပေမဲ့ ဒီကနေ ဒီအချိန်ခါထိ တစ်ခုမှ မရသေးဘူး။ ဒီနေ့ ဒီအချိန်ခါမှာတော့ နိုင်ငံရေးအခင်း အ ကျင်း ပြောင်းလဲလာတာနဲ့အမျှ ရှစ်လေးလုံး အရေးတော်ပုံကနေပြီးတော့ ပေါ်ပေါက်လာတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ပြည်သူလူထုကနေပြီးတော့ တခဲနက် မဲပေးပြီးတော့ ရွေးချယ် တင်မြောက်လို့ ပြည်သူ့အစိုးရ ဖြစ်ပေါ်လာပြီ၊ ဒါပေမဲ့ အဲဒီ ပြည်သူ့အစိုးရဟာ ဒီမိုကရေစီကို ပြီး ပြည့်စုံအောင်၊ ဒီမိုကရေစီပြည့်ဝတဲ့ လူ့အခွင့်အရေး၊ ပြည့်ဝတဲ့ လူမှုအခွင့်အရေးကို ပြည့်ပြည့်၀၀ မဖော်ဆောင်နိုင်သေးဘူး၊ အဟန့်အတားကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်တယ် ဆို တာကို အတိအကျ ကျနော်တို့ ထောက်ပြတဲ့ အခမ်းအနားကို ဒီကနေ့ ကျနော်တို့ လုပ်ရခြင်းဖြစ် ပါတယ်။ ဒါကြောင့်မို့ ရှစ်လေးလုံး ၂၈ နှစ်ပြည့်မှာ ကျနော်တို့က ဆက်လက်ပြီးမှ ရှစ်လေးလုံးစိတ် ဓာတ်နဲ့အတူ ဆက်လက်တိုက်ပွဲဝင်ဖို့အတွက် ဒီအခမ်းအ နားကို ကျနော်တို့ လုပ်ဆောင်ရခြင်းဖြစ် ပါတယ်။”ဟု ဗိုလ်မှူး လဆိုင်း မှပြောသည်။
ဒါအပြင် ၂၈ နှစ် မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပခြင်အားဖြင့် စစ်အာဏာရှင်စနစ်ကို တစ်စိုက်မတ်မတ် တွန်းလှန်ခဲ့သည့် ဘဝတူသူငယ်ချင်းများနှင့် ပတ်သက်ပြီး ဗိုလ်မှူး လဆိုင်းမှ ယခုလို ဆက်ပြောသည်။
“လွန်ခဲ့တဲ့ ၂၈ နှစ်တာကာလပေါ့နော ကျနော်တို့ လူငယ်တက်သစ်စ အသက်၂၀ ဝန်းကျင် ၂၁ နှစ် ဝန်းကျင်ပေါ့လေ အဲဒီ အချိန်တုန်းက ရှစ်လေးလုံး ကျနော်တို့ ကြုံဆုံခဲ့ရတဲ့ဟာတွေကို ပြန်ပြောင်း လည်းသတိရတယ် ပြောရမယ်ဆိုလို့ရှိရင်တော့ စစ်အာဏာရှင်ကို လူငယ်ဘဝကနေ ပြီးတော့ မားမားမတ်မတ်နဲ့ တစိုက်မတ်မတ် တွန်းလှန်ခဲ့တဲ့ သူငယ်ချင်းတွေကိုသတိရတယ် တချို့ဆိုလို့ရှိရင် မရှိတော့ဘူး အသက်ပေးပြီးမှ တိုင်းပြည်အတွက် ကျဆုံးကုန်ပြီ တချို့ကတော့ ထောင်ထဲမှာ ကျ တယ်။ အဲဒီ သူငယ်ချင်းတွေလည်းတချို့ဆိုလို့ရှိရင် မရှိတော့ဘူး။ ထောင်ထဲက ပြန်လွတ်လာခဲ့ လည်း ရောဂါပေါင်းစုံနဲ့ အသက်ပေးဆုံးရှုံးသွားကြပြီ အခုကျနော်တို့ ဒီကနေ့ လက်ချိုး ရည်လို့ ရလောက်တဲ့ ကျနော်တို့ အင်အားစု အနည်းအကျင်းတော့ ကျနော်တို့ ကျန်နေသေးတာပေါ့။ ဒီ ၂၈ နှစ်တာကာလဆိုတာ ကျနော်တို့ လူတွေရဲ့ ဘဝကို မြောက်များစွာ ပြောင်းလဲပေးနိုင် တယ်ဆိုတာ ကျနော်တို့ မြင်မိတာပေါ့လေ” ဟုပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်ကြောင်း၊ ပြည်သူ တစ်ရပ်လုံး လိုလားတောင်းတနေသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံ တော်သစ်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် မိမိတို့အနေဖြင့် ဝိုင်းဝန်း ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ဗိုလ်မှူးလဆိုင်းကဆိုသည်။
ဒါအပြင် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြား ခဲ့ကြပြီး ၂၈ နှစ်ကာလအတွင်း ဖြတ်သန်းခဲ့သည့် နံရံကပ် ဓာတ်ပုံ ပိုစတာများအပါအဝင် ၊ ကာတွန်းနှင့် ကဗျာများကိုလည်း ခင်းကျင်းပြသထားသည်။
ယနေ့ကျင်းပခဲ့သည့် ရှစ်လေးလုံးနေ့ အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA/KIO မှ အကြီးအကဲများ၊ ဗဟိုကော်မတီဝင်များ၊ ရက္ခိုင့်တပ်မတော် ( AA ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးအဖွဲ့အစည်း များ၊ ရပ်မိရပ်ဖ ပြည်သူလူထု စုစုပေါင်း လူဦးရေ ၃၀၀ နီးပါးခန့်တက်ရောက်ခဲ့ကြသည် ဟုသိရ သည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ်က စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် ရဟန်းရှင်၊ ပြည်သူလူ ထု၊ ကျောင်းသူကျောင်းသား၊ လူမျိုးပေါင်းစုံ စုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန္ဒထုတ်ဖော် ဆန့်ကျင်သောနေ့ဖြစ်ပြီး အသက်ပေါင်းများစွာ စတေးခဲ့ရသည့် သမိုင်းဝင် အရေးတော်ပုံ နေ့တစ်နေ့ ဖြစ်သည်။