မိုင်ဂျာယန် အစည်းအဝေးအပြီး ကချင်ဒေသအတွင်း တိုက်ပွဲပြင်းထန်

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာအစိုးရ တပ်မတော်တို့ အကြား တိုက်ပွဲများ ပိုမို ပြင်းထန်လာသည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ကချင် ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ယခုလို ပြောသည်။

တပ်ပွဲအခြေအနေကတော့ တပ်မဟာ တပ်ရင်း ၁၄ ဖက်မှာ တပ်မတော်ဖက်ကနဲ့ ထုလာတဲ့ အခြေအနေရှိတယ် တနေ့ကလည်း ဒီ တပ်မဟာ တပ်ရင်း ဖားကန့် ဒေသဖက်မှာ တပ်မတော် ဖက်ကနဲ့ ထုလာတဲ့ အခြေအနေတွေရှိတယ် နောက်ပြီးတော့ ကေအိုင်အေ တပ်ရင်း ပေါ့ တပ်မ ဟာ တပ်မဟာ နယ်မြေပေါ့ ဒီရှမ်းပြည်မြောက်ပိုင်း အဲဖက်မှာလည်း ခနခန ကြိုကြား ကြိုကြား တိုက်ပွဲတွေ ဖြစ်တဲ့အခြေအနေတွေရှိပါတယ်။ နောက်ဆုံးက မနေ့က ၆နာရီ မိနစ် ၁၀ လောက်မှာ လီဒိုလမ်းပေါ့ တုံပန်ဖက်မှာ ကေအိုင်အေ အရပ်ဖက် အုပ်ချုပ်ရေးပေါ့ တိုက်နယ်ရုံးတစ်ခုကို တပ်မ တော်ဖက်ကနေ ဝင်စီးတယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။ အခြေအနေက အဲလိုရှိပါ တယ်ခင်ဗျား ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကေအိုင်အေ တပ်မဟာ၂ တပ်ရင်း ၁၄ နဲ့ တပ်ရင်း ၆ ဒေသများတွင် နှစ်ဖက်တပ်များအကြား စစ် ရေးတင်းမာမှု ဆက်လက် ရှိနေသည်ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူက တပ်ရင်း ၁၄ ဖက်မှာ တနိုင်းဖက် မှာ တပ်မတော်ဖက်က တိုးစစ်ဆင်တာ အခုမလျှော့သေးဘူး ဒါကြောင့် အခြေအနေက တင်းမာတယ် လို့ ပြောလို့ရပါတယ် ဖားကန့်ဒေသမှာလည်း စစ်ကြောင်း ကအခုထက်ထိ နောက်ဆုတ်တာမရှိသေး ဘူး တင်းမာတယ်လို့ပြောလို့ရပါတယ် ဟု ပြောသည်။

KIO/KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နှင့် မြန်မာအစိုးရတပ်မတော်ဘက်မှ ခလရ ၁၀၅၊ ခလရ ၃၈၁ ၊ ခလရ ၃၈၂ နှင့် တပ်မ ၃၈၄ တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း တနိုင်း ဒေသခံများက ပြောသည်။

အခုတလော ဖြစ်နေတာ ဆက်တိုက်ပဲ၊ တရုတ်တွေကို ဖမ်းသလိုလိုနဲ့ စစ်ကြောင်းထိုးတဲ့ ဘောလို့ ပြောရမှာပဲ။ စစ် ကြောင်း က ကျွန်တော်တို့ သိရလောက်ဆိုရင်က မိုးကောင်း စခက ရောပါတယ်၊ တပ်မ (၃၃) တနိုင်းတပ် (၂၈၃) တပ်မ (၃၈၄)လည်း ပါတယ်။ ခလရ ၁၀၅၊ ခလရ ၃၈၁ ၊ ခလရ ၃၈၂ KIA က တပ်ရင်း ၁၄ နဲ့ ဖြစ်တာတနိုင်းဒေသခံ တစ်ဦးက ပြောသည်။

တနိုင်းဒေသအတွင်းရှိ ယုဇနကုမ္ပဏီအနီးမှ တရားမဝင်ရွှေတူးနေတဲ့သူများကို ဖမ်းဆီးရာမှ တဘက်နှင့်တဘက် ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ ဖြစ်ကြောင်း ဒု-ဗိုလ်မှုးကြီး နော်ဘူ က အတည်ပြုပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက်တပ်များ၏ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ အတိအကျမသိရှိရ သေးပေ။ မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အကြား ဖြစ်ပွားနေ သည့် တိုက်ပွဲများနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီးနော်ဘူက ယခုလို သုံးသပ်ပြောဆို သည်။

ကျနော် သုံးသပ်တာကတော့ ကျနော်တို့ ဒီ နိုင်ငံရေးဆွေးနွေးပွဲ ရောက်လာတဲ့အခါကျတော့ KIA က NCA လက်မှတ် လည်း မထိုးဘူးဆိုတော့ နည်းနည်းတော့ ဖိအားပေးတယ်လို့ဘဲ သုံးသပ်ပါတယ် ခင်ဗျား ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူ မှသုံးသပ်ပြောဆိုသည်။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး နောက်ပိုင်း KIA ထိန်းချုပ်နယ်မြေများအတွင်းသို့ ဇူလိုင် လ လကုန်ပိုင်း မှ စတင်ကာ ယနေ့အချိန်ထိ အစိုးရစစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ အဆက်မ ပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။