ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အပါအဝင် အချက် ၃၀ ကျော် ကာတာစင်တာအကြံပြု
သတင်းနှင့်မီဒီယာကွန်ယက်။
ရန်ကုန် သြဂုတ်လ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
နိင်ငံသားအားလုံး တန်းတူအခွင့်အရေး ရရှိရန်အတွက်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အဓိကကျနေပြီး ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်အချက် ၃၀ ကျော်ကို ကာတာစင်တာ က သြဂုတ်လ ၁၆ ရက်တွင် အကြံပြုလိုက်သည်။
ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်တွင် ပြုလုပ်ခဲ့သည့်၂၀၁၅ခုနှစ် နိဝင်္ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ အစီရင်ခံစာသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာတွင် တပ်မတော်မှ ခန့်အပ်ခြင်းခံရသူများအတွက် အမတ်နေရာများ သီးသန့် ထားခြင်းကိုရပ်တန့်ရန်အကြံပြုခဲ့ပြီး တပ်မတော်လက်ထဲတွင် အနည်းငယ် အလေးသာနေကာ နိင်ငံသားအားလုံး တန်းတူအခွင့်အရေးမရရှိသေးသကဲ့သို့ ဖြစ်နေသည်ဟုထောက်ပြထားသည်။
ဆက်လက်၍ မဲဆန္ဒရှင်စာရင်များ ပိုမိုမှန်ကန်စွာပြုစုခြင်း၊ရွေးကောက်ပွဲစီမံခန့်ခွဲပုံ ပိုမို၍ ပွင့်လင်းမြင်သာမှုစေရန်နှင့် နိင်ငံသားစီစစ်ရေးလုပ်ဆောင်ရာတွင် ယာယီနိင်ငံကူးလက်မှတ် ကိုင်ဆောင်ထာသူများအနေဖြင့် ပိုမို၍ မျှတသော စီစစ်မှုပေးရန်တို့ ထပ်လောင်းအကြံပြု ထားသည်။
”လာမည့်ရွေးကောက်ပွဲများတွင် ကြိုတင်မဲကို ဂရုစိုက်သင့်တယ် ကြိုတင်မဲတွေက ဝယ်လို့ရတာမျိုးဖြစ်နိင်သလို ပွင့်လင်းမြင်သားမှုအားနည်းနေတာရှိတယ်ဟု “ ကာတာစင်တာမှ Mr.Soyia Ellism က အကြံပြုပြောဆိုသည်။
အကြံပြုချက် အချက် ၃၀ ကျော်ပါရှိသည့် ယင်းအစီရင်ခံစာတွင် မြန်မာနိင်ငံသားများ၏ နှစ်ပေါင်းများစွာဖိနှိပ်ခံခဲ့ရသော်လည်း ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် ကြိုးစားအားထုတ်မှုကို အထူး အသိမှတ်ပြုကြောင်း ထည့်သွင်းဖော်ပြထားသည်။
ကမ္ဘာတစ်ဝှမ်းက နိင်ငံပေါင်း ၂၅ နိင်ငံမှ လာရောက်သော စောင့်ကြည့်လေ့လာသူ ၆၂ ဦးက ရွေးကောက်ပွဲနေ့တွင် မဲရုံပေါင်း ၂၄၅ ရုံကို စောင့်ကြည့်လေ့လာစေခဲ့သည်။
မြန်မာနိင်ငံ၏ ရွေးကောက်ပွဲသည် ကာတာစင်တာ ၏ ရွေးကောက်ပွဲပေါင်း စောင့်ကြည့်လေ့လာ မှု၏ ၁၀၁ ကြိမ်မြောက် စောင့်ကြည့်မှုလည်းဖြစ်သည်။
ဒီမိုကရေစီအသွင်းကူးပြောင်းရေးအတွက် အဓိကပြင်ဆင်ရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ဥပဒေများ၊နည်းဥပဒေများဆိုပြီး နှစ်ပိုင်းခွဲခြားစဉ်းစားလို့ရကြောင်း ဖွဲ့စည်းပုံပြင် ဆင်ရေးသည့် လက်တွေ့တွင် အခက်အခဲများရှိနိင်၍ ရွေးကောက်ပွဲကော်မရှင်နှင့် လုပ်ထုံးလုပ် နည်းများကို ပြင်ဆင်ရေးပိုမိုလွယ်ကူ လက်တွေကျကြောင်း ၈၈မျိုးဆက်ကျောင်းသားတစ်ဦးက အကြံပြုပြောဆိုသည်။