ကချင်စစ်ဘေးဒုက္ခသည်များ ရပ်တည်နေထိုင်ရေး အခက်ကြုံနေရ

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားနေသည့် ကချင်လွတ် လပ်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ရှဒူးဇွပ်ဒေသခံ များသည် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန် အခက်အခဲများဖြင့် ကြုံတွေ့ နေရသည် ဟု ဒေသခံများမှ ပြောသည်။

တိုက်ပွဲများကြောင့် ယခုလက်ရှိဖြစ်ပေါ်နေသော ဒေသအတွင်း၏ အခြေအနေများနှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“အခုက ဒေသခံတွေကအစ အကုန်လုံး ဘယ်နေရာကိုမှ သွားလို့မရတော့ဘူး တောကိုသွားလို့ လည်းမရတော့ဘူး ထင်းခွေသွားလို့လည်း မရတော့ဘူး အရာအားလုံးခက်ခဲသွားပါပြီ ကျနော်တို့ အတွက် ဒေသခံတွေက လယ်လုပ်တာများပါတယ် ကျနော်တို့ ကချင်တွေက လယ်လုပ်တာများ တယ် တောင်ယာလုပ်တာများတယ် အခင်းလုပ်တာများတယ် အခင်းလုပ်တဲ့နေရာတွေမှာ လယ် လုပ်တဲ့ နေရာတွေမှာ အစိုးရတပ်သားတွေ စစ်အင်အားတွေထိုးထားတော့ ကျနော်တို့ ခုဆိုလယ် မပြီးသေးဘူး လယ်မပြီးပေမဲ့ စစ်သားတွေက ဒီအစိုးရတပ်တွေက ဂိတ် ဒီကျနော်တို့ လယ်သွား တဲ့နေရာတွေမှာ ဝါးလုံးတန်းတွေနဲ့ ဂိတ်ထိုးပြီးမှ သူတို့ ဘယ်သူ့ကိုမှ သွားခွင့်မပြုတော့ဘူး။ လယ် ကွင်းမှာ တွေ့တဲ့လူ ကချင်ယောင်္ကျားလေးတွေဆို အခု လေးယောက်ရှိပြီ သူတို့ဖမ်းထား တာ လေးယောက် ဖမ်းထားတော့ ဘယ်သူမှမသွားရဲတော့ဘူး အခု အဲပြဿာနာဖြစ်နေပါတယ် ကျနော်တို့ ရှဒူးဇွပ် ဒေသခံတွေအတွက်တော့ လယ်လုပ်ဖို့လည်း သွားဖို့လည်း မသင့်တော်တော့ ဘူး ခုက မိုင်းတွေလည်း ကြောက်ရတယ် သူတို့ဖမ်းမှာကိုလည်း ကြောက်ရတယ် အဲဒါတွေပြ ဿာနာဖြစ် နေပါတယ်။” ဟု ရှဒူးဇွပ် ဒေသခံမှ ပြောသည်။

အစိုးရတပ်မတော် စစ်ကြောင်းမှလည်း နေ့စဉ်နှင့်အမျှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင် လာသည့်အတွက် လုံခြုမှုမရှိသည့် စစ်ရှောင်နယ်မြေ ဒေသများသို့ပြည်သူများအနေဖြင့် မသွားရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖက်မှလည်း မိမိတို့အား သတိပေးပြောဆိုထားသည်ဟု ဒေသခံများက ပြောဆိုသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများကြောင့် အစိုးရစစ် တပ်မှ မသင်္ကာသူများအား ဖမ်းဆီးမှုများကို လုပ်ဆောင်လာသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင် မှုများကို ရပ်တန့်ပေးရန် လိုလားကြောင်း ဒေသခံများမှ ပြောသည်။

“အခုလောလောဆယ် အစိုးရတပ်တွေ သူတို့ မသင်္ကာတဲ့ လူတွေကို ယောင်္ကျားသားတွေကို တောမှာတွေ့လို့ရှိရင် အခင်းမှာတွေ့လို့ရှိရင် လယ်တောမှာတွေ့တဲ့အချိန်မှာ ဒီ မိုးကောင်းချောင်းတို့ နမ်ဆန်ချောင်းတို့ ပြီးလို့ရှိရင် ခေါလောချောင်းတို့ သွားတဲ့အချိန်တွေမှာ အစိုးရတပ်တွေက သူတို့ မသင်္ကာပြီးမှ ဖမ်းဆီးတာတွေရှိပါတယ် ဒီဟာတွေကို ရပ်တန့်ပေးဖို့ရန် ကျနော် အနူးအညွှတ်ကို တောင်းဆိုချင်ပါတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောဆိုသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူ မှ ယခုလို ပြောဆိုသည်။

 “အခြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ တပ်မတော်ဖက်က အင်အားထပ်တိုးတယ်ဆိုတဲ့ သ တင်းကတော့ မကြားပါဘူး ဒါပေမဲ့ တက်လာတဲ့ ဒီ တပ်မတော်ဖက်က စစ်သားတွေ စစ်ကြောင်း တွေ ပြန်ဆုတ်တာကတော့မရှိဘူး။ အဲဒါကြောင့် စစ်ကြောင်းကတော့ ဆက်ပြီး တော့ မှ အရှိန်က မြင့်ဖို့ ပဲရှိတယ် အမြင့်ဖို့ရှိပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်အုံးမှာပါ။ တင်းမာတယ် လို့လည်း ပြောလို့ရ ပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူမှ ပြောသည်။

 ထို့ပြင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ဝန်းကျင်လောက်သည် ရှဒူးဇွပ်ကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း များနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြသည်။

စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် နမ္မတီးမြို့နယ် NLD ပါတီနှင့် လူမှုှု့ ကူညီရေး အသင်း၊ ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဗန်းမော် အခြေပြု SI အဖွဲ့ တို့မှ ဆန်နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို လာရောက် လှူဒါန်းထောက်ပံပေးထားပြီး ရိက္ခာ အခက်အခဲနှင့် ပတ်သက်၍ ဒေသခံတစ်ဦးမှ ယခုလို ပြောသည်။

“တော်တော်လည်းခက်ခဲပါတယ် စားဝတ်နေရေး ကျနော်တို့အတွက် ရိက္ခာဆိုလည်း တစ်လ တောင်မရှိဘူး ကျနော်တို့အတွက် လောလောဆယ် ဆန်၊ ဆီ၊ ဆား အဲဒါနဲ့ ဒေသခံတွေ ရှဒူးဇွပ် ကျေးရွာ မှာရှိတဲ့ ဒေသခံတွေက ကျနော်တို့ကို စစ်ရှောင်အဖွဲ့တွေကို လာပြီးမှ အသီးအနှံတွေ မိမိရတဲ့ အသီးအနှံတွေ ဈေးဆိုင်ကနေ အလှူလာပေးတာ အဲဒါနဲ့ပဲ ကျနော်တို့ သုံးဆောင်နေပါ တယ်။”

မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာနယ်မြေများအတွင်းသို့ ဇူ လိုင်လ လကုန်ပိုင်း မှ စတင်၍ ယနေ့အချိန်အထိ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ်ဆောင်ရွက် လျက်ရှိပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။