ကချင်ဒုက္ခသည်များ အမေရိကန် ကူညီမည်ဟု ကန်သံအမတ်ပြော
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။
သတင်းနှင့်မီဒီယာ ကွန်ယက်။
ကချင်ပြည်နယ်ကို လေ့လာရေး ခရီးစဉ်ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ် Scot Marciel (စကော့မာဆီအယ်လ်) သည် ဒုက္ခသည်များ၏ အခြေအနေများကို တင်ပြ ပြီး အကူအညီပေးရန် စဉ်းစားသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့သည့် သံအမတ်ကြီးသည် ကချင်ပြည် နယ် ဝန်ကြီး ချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နောက် မိုင်းနား KBC စစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သည်။
အမေရိကန်သံအမတ်ကြီးက သူတွေ့ရှိခဲ့တဲ့ အခြေအနေတွေ၊ ဒေသခံတွေ၊ စစ်ဘေးဒုက္ခသည်တွေ ရဲ့ အခက်အခဲတွေကို အမေရိကန်အစိုးရအဖွဲ့ အပါအဝင် တာဝန်ရှိသူတွေကို တင်ပြပြီး အဆိုပါ အခက်အခဲ ပြဿနာတွေနဲ့ ပတ်သက်ပြီးဘယ်လောက် ထိ ကူညီပေးသွားမလဲဆိုတာတွေကို စဉ်းစားပေးသွားမှာ ဖြစ်ကြောင်း မိုင်းနား KBC စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ရှောင်ပြည် သူများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စတွေနှင့် ပတ်သက် ပြီး ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။
သံအမတ်ကြီး Scot Marciel ဟာ မြေမြှုပ်မိုင်းရှင်းလင်းရေး မြစ်ကြီးနား အခြေဆိုက် နိုင်ငံတကာ အဖွဲ့အစည်းတချို့နှင့် လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဟာ ကချင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် လည်း တွေ့ဆုံ သွားမှာဖြစ်ပြီး သူ့ကချင်ပြည်နယ်ခရီးစဉ်ကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ ၃ ရက်အကြာ လေ့ လာသွားမှာ ဖြစ်ကြောင်း သိရသည်။
သုံးရက်တာ ကြာမြင့်မည့် သံအမတ်ကြီးရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၊ ဒေသခံ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်း များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ် အတွင်း အမေရိကန်ပြည်ထောင်စုဘက်မှ အကူအညီပေးနိုင်ရေး၊ အနာဂတ်တွင် မည်သို့ ပူးပေါင်းဆောင် ရွက်သွားကြမ လဲဆို တာတွေကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း သတင်း ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ရဲ့ ကချင်ပြည်နယ်ကို ပထမဆုံး အကြိမ် ခရီးစဉ် ဖြစ်သည်။