လီဆူကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသသတ်မှတ်ပေးရန်တောင်းဆိုမှု ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်

သတင်းနှင့်မီဒီယာကွန်ရက်။
အောက်တိုဘာလ ၁၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

၂၁ ရာစုပင်လုံညီလာခံတွင် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မှ (ပူတာ အို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ ဆော့လော်၊ ချီဖွေ) မြို့နယ် ၅ မြို့နယ်ကို လီဆူကိုယ်ပိုင် အုပ် ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလိုက်ခြင်းသည် မလိုလားအပ်သော လူမျိုး ရေးပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် အဆိုပါတောင်းဆိုမှုအား ပယ်ဖျက်ပေးပါရန် ချီဖွေဒေသခံများက တောင်းဆိုလိုက်သည်။

လီဆူပါတီ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်းဆိုမှုအား ပြန်လည် ပယ်ဖျက်ပေးပါရန် ချီဖွေမြို့ ရှိဒေသခံ တိုင်းရင်းသားများဖြစ်ကြသည့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း တိုင်းရင်းသားများမှ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြခြင်းဖြစ်ကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ လချိဒ်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဒေါ်ဂျီခေါမျော် က ပြောသည်။

“ကျမတို့ ဒီလချိဒ် လော်ဝေါ် ငေါ့ချမ်း၊ လီဆူတွေကတော့ အတူတကွပေါ့နောဥမကွဲသိုက်မပျက် အတူတကွ နေထိုင်လာတာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံမှာပေါ့ လီဆူတွေအနေနဲ့ ကိုယ်ပိုင် အုပ် ချုပ်ခွင့် တောင်းဆိုခြင်းအားဖြင့် ကျန်တဲ့အမျိုးတွေကလည်း လချိဒ်တွေကလည်း တောင်းဆို မယ်ဆိုရင်လည်း ဒီ လော်ဝေါ် ငေါ့ချမ်း လီဆူတွေကလည်း လိုလားမှာ မဟုတ်ပါဘူး။ ကျမတို့ လူမျိုးရေးပြသာနာပေါ့နောကျမတို့ မမြင်နိုင်တဲ့ လူမျိုးရေးပြသာနာပဋိပက္ခ ပြသာနာဆိုတာ အများကြီး ဖြစ်လာနိုင် ပါတယ်။ ကျမတို့ စည်းလုံးညီညွှတ်ရေးမှာလည်း အင်မတန်မှထိခိုက်လာ နိုင်တယ်လို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တောင်းဆိုထားတဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ) အနေနဲ့လည်းပေါ့နောဒီတောင်းဆိုမှုကို ပြန် လည်ရုတ်သိမ်းပေးသင့် ပါတယ်လို့ ကျမအဲလိုမြင်ပါတယ်” ဟု ဒေါ်ဂျီခေါမျှော် က ပြောသည်။

ယခင်က လော်ဝေါ် လချိဒ် ငေါ့ချမ်းလီဆူတိုင်းရင်းသားများသည် ညီရင်းအစ်ကိုပမာ ချစ်ချစ် ခင်ခင် နေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း လီဆူဖွံ့ဖြိုးတိုးတက် ရေးပါတီ မှ လီဆူကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုမှု နောက်ပိုင်းတွင် လီဆူလူမျိုးများနှင့် အခြားတိုင်းရင်းသားများကြား ဆက်ဆံရေးမှာ ယခင်ကဲ့သို့မဟုတ်တော့ပဲ အနည်းငယ် ပြောင်း လဲလာခဲ့သည်ဟု ဒေါ်ဂျီခေါမျော်မှ ယခုလိုဆက်ပြောသည်။

“အခုကျမတို့ပေါ့နောအပြင်မှာမထုတ်ဖော်သည့်တိုင်အောင်ပေါ့နောအထဲမှာတော့ သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေတယ်ပေါ့နောအဲလိုမျိုးရင်တွင်းစစ်ကတော့ ဖြစ်နေကြမယ် လို့ ကျမတော့ အဲလိုမြင်တယ်ပေါ့နော။ ဒီအပြင်မှာမထုတ်ဖော်သည့်တိုင်အောင် အထဲမှာတော့ အားလုံးရဲ့စိတ်ထဲမှာတော့ ဒီလိုမလိုလားတာတွေကတော့ ထင်ရှားနေပါတယ်လို့။” ဟု ဒေါ်ဂျီခေါမျော်မှပြောပြသည်။

ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲမှ ကြွေးကြော်သံများအဖြစ် ချီဖွေ ဆော့လော်ဒေသ အား လီဆူအမျိုးသားဖွံ့ဖြိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း ဆိုမှုအား လော်ဝေါ် လချိဒ်၊ ငေါ့ချမ်းတိုင်းရင်းသားများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်၊

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ( ဒူလေးပါတီ ) မှ တောင်းဆိုသောလီဆူကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုမှု ပယ်ဖျက်ပေးရေးဒို့အရေး၊ ချီဖွေ ဆော့လော်ဒေသအား လီဆူကိုယ် ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုအပေါ် အလိုမရှိ၊ လော်ဝေါ် လချိဒ် ငေါ့ချမ်းတိုင်းရင်းသားများ အမြဲ စည်းလုံးရေး ဒို့အရေး အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ချီဖွေမြို့ရှိ လဗြူး ဟော်တယ်လ် မှ ပန်ဝါလမ်းခွဲအထိ ချီတက်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် အစီစဉ်နှင့် ပတ်သက်ပြီး ချီဖွေမြို့နယ်ရှိ လီဆူ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဥက္ကဋ္ဌ ဦးလငွါတိုက်ဆောင်မှ သူရဲ့ခံစားချက်ကို ယခုလိုပြော သည်။

“စိတ်ထဲမှာဆို မကောင်းဘူးလေ။ ခုနပြောတယ်လေ ကျနော်တို့ အတူတကွ နေခဲ့တာလေ နေခဲ့တယ်ဆိုရင် သူတို့က ဆန္ဒဖော်ထုတ်တယ်ဆိုရင် စိတ်မှာမကောင်းဘူး။ ကျနော်တို့ကို မကြိုက်သလိုလိုပေါ့ စိတ်ဝမ်းကွဲသလိုလို အဲလိုလုပ်တဲ့ပုံစံဖြစ်နေတော့ ကျနော်တို့ကသိပ်ဆန္ဒ မရွှင်ဘူးပေါ့နော။ သိပ်စိတ်မချမ်းသာဘူး။ ဒါပေမဲ့ ကျနော်တို့လည်း ငြင်းပြီးသားပဲ ငြင်းပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကိစ္စမရှိဘူး။ ဒါထားပါတော့ ပြီးတာပြီးသွားပြီ အဲလိုကျနော် စိတ်မှာ အဲလိုခံစားရတယ်လေ။” ဟု ဦးလငွါတိုက်ဆောင်မှ ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဒေသခံလော်ဝေါ် အမျိုးသားတစ်ဦးမှလည်း ၎င်း၏ဆန္ဒကို ယခုလို ပြောသည်။

“အရင်လိုပဲပေါ့ ကျနော်တို့ သွေးခွဲတာမရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဲလိုမျိုးတစ်ကိုယ်ကောင်းဆန် နဲ့ တောင်းခံမှုမရှိတဲ့ အရင်လိုမျိုးကျနော်တို့ ညီအစ်ကိုမောင်ရင်းနှမလိုမျိုး ပျော်ပျော်ရွှင်ရွှင် ပြန်လည်နေသွားချင်ပါတယ်လို့ လီဆူဆိုတာလည်းကျနော်တို့ရဲ့ ကျနော်တစ်သက်နဲ့ ပြောရမယ်ဆို ရင်တော့ ကျနော်တို့က အတူတူနေထိုင်လာခဲ့တဲ့ လူမျိုးတစ်မျိုးလည်းဖြစ်တယ်။ ဘိုးဘွားတွေရဲ့ ခေတ်တော့ ကျနော်မပြောတတ်ဘူးပေါ့။ ကျနော်တို့အရွယ် တစ်သက်တော့ အတူတူ ကစားရင်း နဲ့ ကြီးပြင်းလာတဲ့ လူမျိုးတစ်မျိုးဖြစ်တဲ့အတွက် စည်းစည်းလုံးလုံးပဲ အရင်လိုပဲ ပြန်လည်နေထိုင် သွားချင်ပါတယ်လို့” ဟု ကိုမုတ်ဝါဒေါင်ရယ်က ပြောပြသည်။

ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ ဆော့လော်နှင့် ချီဖွေ မြို့နယ် ၅ မြို့နယ်တွင် လီဆူ တိုင်း ရင်းသားမှာ အခြားတိုင်းရင်းသားများထက် လူဦးရေပိုများကြောင်း၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ လီဆူကိုယ်စားလှယ်များသာ မဲအနိုင်ရရှိခဲ့ခြင်းဟာ တခြားလူမျိုးထက် လူဦးရေပို များကြောင်း ပြောဆိုနိုင်သလို အဆိုပါ ၅ မြို့နယ်တွင် လီဆူလူမျိုးများ တဆက်တည်းနေထိုင်ရာ နေရာဒေသဖြစ်သည့်အတွက် ဥပဒေ ဘောင်အတွင်းကသာ တောင်းဆိုခြင်းဖြစ်သည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

“ဥပဒေဘောင်ထဲကနေ တောင်းတာ ဘာမှမပြောလိုဘူး။ ဒါသူတို့ရဲ့ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဒီမို ကရေစီပေါ့နော်၊ ဒါပေမယ့် တချို့သော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ဥပဒေ ဘောင်ထဲက မ ဟုတ်ပဲနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ လူမျိုးရေး ခွဲခြား တိုက်ခိုက်မှုတို့ ဒါတွေလုပ်လာတာ ဒါကို တော့ ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။ ချီဖွေလမ်းလျှောက် တာကလည်း သူ့အခွင့်အရေးကို သူတောင်းတာ တောင်းပါ၊ ဒါကို ဘာမှပြောစရာမရှိဘူး။ တဆက်တည်းရှိတဲ့ နယ်မြေတွေ ဖြစ်တဲ့ အတွက် အခုကျနော်တို့ တောင်းတဲ့ ၅ မြို့နယ်မှာ ကျနော်တို့ လီဆူလူမျိုးက ၅၅ ရာခိုင်နှုန်း အထက်မှာ ရှိပြီးသား။ အဲ့ဒါကြောင့် တင်ပြတာ ဖြစ်တယ်။ ရသည် မရသည်ဆိုတာကတော့ နိုင်ငံ တော်ကပဲ ပြောမလား၊ ညီလာခံကပဲ ပြောမလားပေါ့နော်။ လူမျိုးရေး ပုဂ္ဂိုလ်ရေးအနေနဲ့တော့ ကျနော်တို့ ပြောဆိုတာ ပုတ်ခတ်တာ ဒီကနေ့အထိ မရှိခဲ့ပါဘူး။” ဟု ဦးရွှေမင်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကာ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၇ နာရီ မှ ၉ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပြီး ချီဖွေမြို့နယ်ရှိ ဒေသခံ လော်ဝေါ် လချိဒ်၊ ငေါ့ချမ်း တိုင်းရင်းသား စုစုပေါင်း ၅၀၀ နီးပါးခန့် ပါဝင် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။