ပျောက်ဆုံးနေသော ဓမ္မဆရာနှစ်ဦးသည် တပ်မတော်တွင် တာဝန်ရှိဟု ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၁၈ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ ဓမ္မအမှုတော် ဆောင် ဆရာတစ်ဦးနှင့် သင်းထောက်တစ်ဦးပျောက်ဆုံးနေမှုသည် အစိုးရတပ်မတော်တွင်သာ တာဝန်အရှိ ဆုံးဖြစ် သည်ဟု ယနေ့ ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ကချင်နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောသည်။

မုံးကိုးမြို့ရှိ အစိုးရတပ်မတော်အခြေစိုက်သော စစ်ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မဆရာ ဦးလန်းဂျော်ဂမ်ဆိုင်းနဲ့ သင်းထောက် ဦးဒွမ်ဒေါ့နောင်လတ်တို့ နှစ်ဦးသည် ပဋိပက္ခကာလ၊ နယ်မြေမတည် မငြိမ်ဖြစ်နေသည့်ကာလ၊ တိုက်ပွဲ ကာလအတွင်းပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦး ပျောက်ဆုံးမှုသည် အစိုးရ၏ ထိန်းချုပ်မှုနယ်မြေအတွင်း ပျောက်ဆုံးခဲ့ ခြင်း ဖြစ်သည့်အတွက် တပ်မတော်၌သာ တာဝန်အရှိဆုံး ဖြစ်သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) မှ တွဲဖက် အတွင်းရေးမှူး ဦးတူးရော် မှ ပြောသည်။

“ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ ပြန်လည် သုံးသပ်မယ်ဆိုရင် ဓမ္မဆရာအမှုတော်ဆောင်တွေ ပျောက်ဆုံး မှုဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပါ။ တပ်မတော်က တာဝန်အရှိဆုံးပါ။ ရှမ်းပြည် အရှေ့မြောက်ပိုင်း မုံးကိုးမှာ တိုက် ပွဲဖြစ်ပြီး နှစ်ရက်သုံးရက်မှာလည်း ကျနော်တု့ိက ထုတ်ပြန်ချက်ထုတ်တယ်။ တိုက်ပွဲဖြစ်တာက တစ်ကဏ္ဍ၊ တိုက်ပွဲ ဖြစ်ပြီဆိုရင် ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ အမျိုးသားတွေဆို ရင် လည်း KIA နဲ့ ဆက်သွယ်တယ်ဆိုတာမျိုးတွေ အမျိုးမျိုးပြောပြီး နှိပ်စက်တယ်၊ ဒါမျိုးတွေပါ။ ဒါတွေက မလိုလား အပ်တဲ့ပြဿနာတွေပါဗျ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာလည်း အနှောက်အယှက်ဖြစ် စေ တာပါ။” ဟု ဦးတူးရော် က ပြောသည်။

မုံးကိုးဒေသခံများ၏ ပြောပြချက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့ စနေနေ့ ညနေပိုင်းအချိန်တွင် မုံးကိုး စစ်ဗျူဟာကုန်း တပ်စခန်းသို့ သွားရောက်မည်ဟုပြောဆိုခဲ့ပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်သည့်အတွက် အဓိက တာဝန်ရှိသူ မှာ တပ်မတော်သာဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်း က ဆက်ပြောသည်။

“ဒီဆရာ နှစ်ယောက်ကို ဗျူဟာဖက်ခေါ်သွားတာ အနီးစပ်ဆုံးက ဗမာစစ်တပ်နဲ့ပဲ သက်ဆိုင်တယ်လေ။ တကယ် လို့များ ကေအိုင်အေ ဖမ်းသွားတယ်ဆိုရင်တော့ ကျနော်တို့က အချိန်မရွေးခေါ်လို့ရတယ်လေ။ ပြောလို့ရတယ် အခုထိ ပျောက်နေတယ်ဆိုတာက ကေအိုင်အေ ဖမ်းသွားတယ်ဆိုတာက မဟုတ်ပါဘူး အဲဒီဟာတွေက တကယ် လို့များ ဖမ်းတယ်ဆိုလည်း သူတို့ကဖမ်းတယ်လို့ပဲ ပြောမှာပါ။ အဓိကကတော့ အနီးစပ်ဆုံးနဲ့ ပတ်သက်လာရင် တော့ ဗမာစစ်တပ်ရဲ့ တာဝန်ရှိတယ်လို့ပဲ ကျနော်က ဒီလိုပဲ ယူဆပါတယ်။” ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြော သည်။

သို့သော်လည်း ကချင်ဘာသာရေး ခေါင်းဆောင်နှစ်ဦး ပျောက်ဆုံးနေမှုသည် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထား ခြင်းမဟုတ်ကြောင်း၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခေါ်ဆောင်သွားခြင်းသာ ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဇန်နဝါရီလ (၁၀) ရက်နေ့တွင် တုန့်ပြန်ပြောဆိုခဲ့သည်။

အဆိုပါပျောက်ဆုံးမှုနှင့် ပတ်သက်၍ ကချင်ဘာသာရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြပြီး ကချင်နိုင်ငံပါတီအနေနှင့်လည်း တတ်နိုင်သည့်ဖက်မှ ကူညီသွားမည်ဟု ဦးကွမ်ဂေါင် အောင်ခမ်း က ဆက်ပြောသည်။

“အဓိကကတော့ သတင်းထောက်တွေကို ကူညီတဲ့ နောက်ပိုင်းမှာ ပျောက်သွားတယ်လို့ပဲ ကျနော်က ဒီလိုပဲ သုံးသပ်မိပါတယ်။ ဒီဟာတွေက သတင်းထောက်နှင့် သတင်းနဲ့ ပတ် သက်လာရင်တော့ သူတို့ မလိုလားတဲ့ ပုံစံမျိုးကို ပြနေတဲ့ ပြယုဒ်ပဲလို့ ကျနော်က မြင်ပါတယ်။ ကျနော်တို့က ဒီမှာက အဓိကကတော့ CSO တို့ ဒီ ဥပဒေနဲ့ ဆိုင်တဲ့ဟာတွေနဲ့ လိုက်နေတယ်လေ။ ကျနော်က ဘေးကနေ ဝိုင်းဝန်းကူညီပေးဖို့ပဲရှိပါတယ်။ ကျနော်ကိုလိုအပ် ရင်တော့ ကျနော်ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်လို့ ရရင်လည်း လုပ်ပေးမှာပါ ကျနော်ကတော့။”

KBC မှ ကချင် ဘာသာရေးခေါင်းဆောင်နှစ်ဦးမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မုံးကိုးဒေသ၌ ဖြစ်ပွားခဲ့သည့် ဒေသတွင်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ သတင်းမီဒီယာများအား လိုက်လံ ပြသပို့ဆောင်ပေးခဲ့သူများ ဖြစ်သည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဘာသာရေးခေါင်းဆောင်နှစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းနှင့် သူတို့၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိနေသည်ကို မြန်မာ အစိုးရ အာဏာပိုင်များအနေဖြင့် အမြန်ဆုံး သတင်းထုတ်ပြန်ပေးရန် အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) နှင့် Fortify Rights လူ့အခွင့်အရေးအဖွဲ့တို့မှ ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

အလားတူ ပျောက်ဆုံးနေသည့် ကချင်ဘာသာရေး အမှုတော်ဆောင် ဆရာနှစ်ဦးကိစ္စအား အမြန်ဆုံး စုံစမ်းဖော် ထုတ်ပေးဖို့ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှလည်း နိုင်ငံတော် သမ္မတထံသို့ ဇန်နဝါရီလ ၉ ရက် နေ့တွင် စာဖြင့်ပေးပို့တောင်းဆိုထားသည်။

သတင်းထောက်များအား လိုက်လံကူညီပေးခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့ရှိ ကချင်နှစ်ခြင်း ခရစ် ယာန် ဓမ္မဆရာတစ်ဦးနှင့် သင်းထောက်ဓမ္မအမှုတော်ဆောင်တစ်ဦးအား မည့်သည့်အဖွဲ့မှ ခေါ်ဆောင်သွား သည် ကို မသိရှိပဲ ပျောက်ဆုံးနေသည်မှာ ရက်သတ္တပတ် သုံးပတ်ကျော် ရှိပြီဖြစ်သည်။