တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၄ – ၅ – ၂၀၁၉ ။

တစ်နိုင်ငံံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စတုတ္ထအကြိမ် မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး(ပထမပိုင်း)က အလုပ်အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကိုရွှေ့ပြောင်းပေးမှာမဟုတ်ဘူးလို့ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို ကပြောပါတယ်။

မွန်ပြည်နယ်မှာရှိတဲ့ အောင်သပြေ-နှစ်ကရင်လမ်းတိုးချဲ့ရာမှာ နစ်နာသူတွေအတွက် တစ်ဧကကို ကျပ်သိန်း ၈၀ ပဲ လျော်ကြေးရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။