တိုင်းရင်းသားစာပေ ဆွေးနွေးပွဲ မော်လမြိုင်တွင် ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်။
တိုင်းရင်းသား စာပေဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ တရပ်ကို မွန်ပြည်နယ် မော်လမြို့င်မြို့တွင် ကျင်းပပြီး လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်းရင်းသားပေါင်းစုံပါဝင်သည့်ဒေသတွင်းပညာရေးဆွေး နွေးပွဲ(Inter-Ethnic Regional Education Seminar) ကိုဇွန်လ၂၄ နှင့်၂၅ရက်နေ့တို့တွင်၂ရက်တာကျင်းပပြုလုပ်ခဲ့ကြပြီးတိုင်းရင်းသား စာပေဖွံ့ဖြိုး တိုးတက်ရေးနှင့်တိုင်းရင်းသားများ အားလုံးပါဝင်သည့်တိုင်းရင်းသားပညာရေးကွန်ရက်(Ethnic Education Network) တစ်ခုဖွဲ့စည်းနိုင်ရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“တိုင်းရင်းသားစာပေသင်ကြားရေးမှာအခက်အခဲဘာရှိနေလဲဒီအခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်မလဲပြီးတော့စာပေယဉ်ကျေးမှုကော်မတီနဲ့တိုင်းရင်းသားစာပေအရေးလုပ်ဆောင်နေသူတွေဆိုလိုတာကမိခင်ဘာ သာစကားအခြေပြုပညာရေး(mother tongue multi education) လုပ်ဆောင်နေသူတွေဒီနှစ်ခုဘယ်လိုချိတ် ဆက်ပူးပေါင်းလုပ်ဆောင်သွားကြမလဲတိုင်းရင်းသားအားလုံးလွှတ်တော်အစိုးရနိုင်ငံရေးပါ တီတွေနဲ့advocacy အတူဝင်သွားဖို့ဆိုတဲ့ဟာတွေကိုဆွေးနွေးကြတယ်”ဟုမွန်အမျိုးသား ပညာရေးကော်မတီမှတာဝန်ရှိသူတစ်ဦး ဖြစ်သည့်မင်းအောင်ဇေကပြောသည်။
ထို့အပြင်ဒေသန္တရ အဖွဲ့အစည်းပိုင်ကျောင်းများနှင့်လူတိုင်းအကြုံးဝင်မည့် ပညာရေးနှင့်ပတ်သက်သည့် အ ကြောင်းအရာတို့ကိုလည်းဆွေးနွေးခဲ့ကြပြီး၎င်းဆွေးနွေး တင်ပြချက်များကို လာမည့်အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လွှတ်တော်ကိုယ်စားလှယ်မှတဆင့်တင်ပြရန်လည်းရှိသည်ဟုမင်းအောင်ဇေ ကဆက် ပြောသည်။
တိုင်းရင်းသားပေါင်းစုံပါဝင်သည့်ဒေသတွင်းပညာရေးဆွေးနွေးပွဲသို့ကချင်နှင့်ကရင်နီတို့ကလမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့်တက်ရောက်နိုင်ခြင်းမရှိပေ။
သိုသော်မွန်၊ကရင်၊ရှမ်း၊ပအိုဝ်းအစရှိသည့်တိုင်းရင်းသား ဒေသအသီးသီးမှအမျိုးသားပညာရေးအတွက်လုပ်ဆောင်နေသူများ၊စာပေနှင့်ယဉ်ကျေးမှုကော်မတီမှကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြသည်။
“ဒေသန္တရကိုယ်ပိုင်ကျောင်းကိုယ့်တိုင်းရင်းသားနဲ့ဆိုင်ရာပေါ့အဲဒါတွေကိုဘယ်လိုတိုးတက်အောင် လုပ်နိုင်မလဲကျွန်တော်တို့မှာကမြန်မာလိုမသင်တော့အစိုးရကျောင်းနဲ့ချိတ်ဆက်ပြီးတော့စာမေးပွဲဖြေဆိုခွင့်မရှိဘူးဒါ ကြောင့်ကလေးတွေတက်လမ်းမရှိဘူး၊မွန်တို့ကရင်တို့နဲ့လာပူးပေါင်းတယ်တိုင်းရင်းသားများအားလုံးမူဝါ ဒတစ်ခုတည်းကနေတောင်းဆိုမယ်ရလာတဲ့အခွင့်အရေးကိုလည်းအားလုံးမျှဝေခံစားမယ်ဆိုပြီးတော့လာ ရောက်တာပါ”ရှမ်းတိုင်းရင်းသားများကိုယ်စားဆွေးနွေးပွဲသို့တက်ရောက်လာသည့်စိုင်းခွန်ထွန်းစံကပြောသည်။
ရှမ်းအနေနှင့်လက်ရှိမွန်၊ကရင်တို့သွားနေသည့်မိခင်ဘာသာစကားအခြေပြုပညာရေးစနစ်မျိုးအကောင် အထည်ဖော်နိုင်ရန်လည်းမွန်နှင့်ကရင်တို့ထံမှနည်းစနစ်ယူပြီးရှမ်းပညာရေးကိုလည်းမိခင်ဘာသာ စကားအခြေပြုပညာရေး စနစ်မျိုးဖြစ်အောင်လည်းကြိုးပမ်းသွားမည်ဟုလည်းစိုင်းခွန်ထွန်းစံကပြောသည်။
မွန်အမျိုးသားပညာရေးဌာနကွပ်ကဲမှုအောက်ရှိမွန်အမျိုးသားကျောင်းများသည်မိခင်ဘာသာစကားအခြေပြုသင်ကြားနေသည့်ကျောင်းများဖြစ်ပြီးကျောင်းပေါင်း၁၃၀ကျောင်းကျော်၊အစိုးရကျောင်းနှင့်တွဲဖက်သင် ကြားသည့်မိခင်ဘာသာစကားအခြေပြုကျောင်း၉၀ကျောင်းကျော်ရှိပြီးကျောင်းသူ/သား၃သောင်း ကျော် ရှိသည်ဟု သိရသည်။