ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၃၀)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မြေလွတ် မြေလပ် မြေရိုင်းဥပဒေအရ ကယားပြည်နယ်အတွင်းက ဒေသခံတွေရဲ့ မြေယာတွေ ဆုံးရှုံးရတော့မယ့် အနေအထားမျိုးတွေ ဖြစ်လာနေတဲ့အတွက် စိုးရိမ်နေကြပါတယ်။ ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံများ လုပ်ကိုင် စားသောက်နေတဲ့ ရိုးရာဓလေ့ထုံးတမ်းအရ အရေးပါတဲ့မြေယာတွေကို မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအရ လုပ်ပိုင်ခွင့် လျှောက်ထားမှုများ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ဒေသအတွင်းရှိ မြေယာအရေး လုပ်ဆောင်နေသူ တွေက ပြောပါတယ်။ မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေရဲ့ အားနည်းချက်တွေက ဘာတွေလဲ၊ ရိုးရာ ဓလေ့ ထုံးတမ်းအရ မြေယာစီမံခန့်ခွဲမှုတွေကို ဥပက္ခာပြုလိုက်တဲ့ အခြေအနေကို ဘယ်လို တွန်းပို့နေတာလဲ။ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ မြေယာမူဝါဒတွေ ဖြစ်ပေါ်လာဖို့ တိုင်းရင်းသားအားလုံးက ဘာ့ ကြောင့် မျှော်လင့်တောင်ဆိုးနေကြတာ တင်ဆက်ပေးသွားမှာပါ။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။