ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၃၂)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့အစည်းတွေ များလာနေ တယ်လို့ သုံးသပ်ကြပါတယ်။ ပြည်နယ်အနေအထားနဲ့ ကြည့်မယ်ဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အများဆုံးပြည်နယ်ဟာ ရှမ်းပြည်နယ်လု့ိလည်း ဆိုကြပါတယ်။ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ များလာရတဲ့ အဓိက အကြောင်းအရင်းက ဘာလဲ။ ဒီလိုလက်နက်ကိုင် အဖွဲ့အစည်းတွေ များလာတဲ့အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ်ဆိုရင် ဘယ်လို အခက်အခဲ အဟန့်အတားတွေ ရှိလာနိုင်သလဲ။ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ စတဲ့အကြောင်းအရာတွေကို ဒီတစ်ပတ် အစီအစဉ်ကနေ တင် ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာMizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။