NRPC နှင့် KNU ခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့မှ အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် ၈ ဦးပါ အဖွဲ့သည် ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Kham Mon Lanna Hotel တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယနေ့အလွတ်သဘောဆွေးနွေးပွဲတွင်ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်ရန်အတွက် လိုအပ်သည့် bilitral ညှိနိုင်းမှုများကို အဓိကထား ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။
ဆွေးနွေးပွဲသို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ပဒိုမန်းငြိမ်းမောင် (ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်)၊ ပဒို စောဆဲဂေ (ဗဟိုအမြဲ တမ်းကော်မတီဝင်)၊ ပဒိုစောတောနီး (ဗဟိုအမြဲတမ်းကော်မတီဝင်) နဲ့ ပဒို စောအယ်ကလူစေး (ဗဟိုအမြဲတမ်းကော်မတီဝင်)၊ နော်မေဦး ( နည်းပညာအထောက်အကူူပြု) နှင့် စောရဲထွေးလှ (မှတ်တမ်း) တို့ တက်ရောက်ခဲ့ကြသည်။
အစိုးရ ဖက်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဋ္ဌေး၊ ဦးမိုးဇော်ဦး၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။