ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း (၃၆)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ ညှိနှိုင်းတဲ့ နေရာမှာ နေရာအခက်အခဲကြောင့် တွေ့ဆုံမှုတွေဟာ ရပ်တန့်နေပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေပါတယ်။တစ်ဖက်မှာလည်း NCA အပစ်ရပ် လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တစ်ဆို့နေတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေဟာ ပြေလည်မှု မရရှိသေးသလို NCA လမ်းကြောင်းကပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို သွားမယ်လို့ ပြောဆို ထားတဲ့ KNPP ကလည်း လက်ရှိ ကယား(ကရင်နီ)ပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ မြေပြင်အနေအထားအရ NCA လက်မှတ်ရေးထိုးဖို့ အဟန့်အတားဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီလိုအနေအထားတွေ ဘာကြောင့် ဖြစ်လာရတာလဲ။ တစ်ဆို့မှုတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရာကဘာလဲ။ ဒီအခက်အခဲတွေကို ဘယ်လိုကျော် လွှားသွားကြမလဲ ဆိုတာကို ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
“အမှန်ကတော့ တိုင်းရင်းသားတွေ လက်နက်ကိုင်နေတာက ငြိမ်းချမ်းရေးကို မလိုချင်လို့ မဟုတ်ဘူးဗျ။ ငြိမ်းချမ်းရေးကို ပြောမယ်ဆိုရင်တော့ ဗမာတွေထက်တောင် ပိုလိုချင်တယ်။ ဘာကြောင့်လဲ သူတို့ ပြည်သူတွေ IDPs အနေနဲ့ တော်တော်ကို ဒုက္ခဖြစ်နေတယ်။ အခုကတစ်ချို့က ပြည်ပမှာ ဖြစ်နေသလို ပြည်တွင်းမှာလည်း IDPs တွေ အများကြီးဒုက္ခရောက်နေတယ်။ အမှန်ကတော့ ပြည်တွင်းစစ်ကို ပြေလည်စေချင်တာတော့ ငြိမ်းချမ်းစေ ချင်တာကတော့ တိုင်းရင်းသားတွေဘက်က ပိုပြီးတော့ လိုလားတယ်လို့ ကျွန်တော်မြင်တယ်။” (နိုင်ဟံသာ ဒု-ဥက္ကဋ္ဌ မွန်ပြည်သစ်ပါတီ)
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။