ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တရားဝင် ပြန်စရေး အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ မူအားဖြင့် သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။

အစိုးရ၊တပ်မတော်တို့နှင့် တစ်ဆို့နေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို တရားဝင် ပြည်လည်စတင်ရန် NCA အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများက မူအားဖြင့် သဘောတူ လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပြုလုပ်ခဲ့သည့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်း အဝေးက ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်း က “အခုသိတယ်လေ တစ်ဆို့မှုတွေရှိတယ်လေ။ အဲဒီတစ်ဆို့မှုတွေ အရင်ရှင်းမယ် ရှင်းပြီးမှ ခုနကျနော်ပြောသလို တစ်ဆင့်ပြီးတစ်ဆင့် တရားဝင်လမ်းကြောင်းကလား အလွတ်သဘောလမ်းကြောင်းကလား အဆင်ပြေတယ် အားလုံးက လက်ခံနိုင်တဲ့ အခင်းအကျင်း ရှိတယ် အဖြေရလောက်တယ်ဆိုမှ ခုနပြောသလို ၂၁ ပင်လုံကို ဆက်လက် ကျင်းပဖို့ ရှိပါတယ်” ဟုပြောသည်။

တစ်ဆို့နေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် PPST က ဖွဲ့စည်းထားသည့် တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ နှင့် အစိုးရဖက်မှ တွေ့ဆုံညှိနှိုင်းသည့် အဖွဲ့များနှင့် အကြေအလည် ဆွေးနွေးသွားမည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောသည်။

“ဟိုဖက်မှာလည်း ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေး အဖွဲ့ရှိတယ်။ ကျနော်တို့ဖက်မှာလည်း ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေး အဖွဲ့ရှိတယ် အဲဒီ ၂ ဖွဲ့တွေ့ဆုံပြီးမှ အဲလိုဖက်ဒရယ်ရေးရာ ကိစ္စလား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စလား ပစ်ခတ် တိုက်ခိုက်မှု ခိုင်မာရေးကိစ္စလား အဲဒါတွေကို ကျနော်တို့က အကြေအလည်ဆွေးနွေးရမှာ”

PPST အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးJICM ကျင်းပရန် မူအားဖြင့် သဘောတူပြီး PPST မှ ဖွဲ့စည်းပေးသည့် ညှိနှိုင်းရေးအဖွဲ့မှ JICM ကျင်းပရေးအတွက် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲမှ ရလာသည့် ရလာဒ်ပေါ်မူတည်ပြီး JICM ကျင်းပ သွားရန် PPST မှ ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်သည်ဟု ပါရှိသည်။

ဗိုလ်မှူးကြီးစိုင်းငင်းက “JICM အစည်းအဝေးလုပ်ဖို့လည်း ကြိုတင်ပြင်ဆင်တဲ့ အကြို ညှိနှိုင်းတဲ့ အစည်းအဝေး လေး ကျနော်တို့ လုပ်မယ် အဲမှာ ကျနော်တို့ ဆွေးနွေးလိုတဲ့ အကြောင်းအရာလေးတွေ ကျနော်တို့ ညှိကြမယ်။ အဲဒါမှ အဆင်ပြေတယ် ဆိုတာနဲ့ ရက်သတ်မှတ်မယ် အမြန်ဆုံးပေါ့နော အဲဒါသတ်မှတ်ပြီးမှ ခုနပြောသလို တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ ဆက် လက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟုပြောသည်။

ထို့အပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို တိုင်းပြည်၏ ရေရှည်တည် တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အရေးကြီးသော သမိုင်း မှတ်တိုင်အဖြစ် လေးနက်စွာ အသိအမှတ်ပြုကြိုဆိုပြီး နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့်NCA ကို တစ်စိုက်မတ်မတ် အကောင်အ ထည်ဖော်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့ကြောင့် NCA ၄ နှစ်ပြည့် အခမ်းအနား ကျင်းပရေးအတွက် NCA-S EAO ၏ အခမ်းအနား ပူးတွဲကျင်းပရေး ကိုယ်စား လှယ်အဖွဲ့ကို PPST အစည်းအဝေးမှ ဖွဲ့စည်းထားပေခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုများကို တစ်ဆို့စေသည့် အဓိက အကြောင်းအရာများမှာ ခွဲမထွက်ရသတ်မှတ်ချက်နှင့် တစ်ခု တည်းသော တပ်မတော် ဖွဲ့စည်းရေးတို့ကြောင့်ဖြစ်သည် ဟု PPST က ပြောသည်။

ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံညီ လာခံ အစည်းအဝေးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများမှာ တစ်ဆို့မှုများ ရှိလာသည့်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်ကိုင် အဖွဲ့အ စည်းများ၏ တရားဝင်တွေ့ဆုံမှုလမ်းကြောင်းများမှာလည်း ရပ်တန့်သွားခဲ့သည်။

လက်ရှိတွင် တစ်ဆို့မှုများကို ကျော်လွှားရန်အတွက် နှစ်ဖက် ဆွေးနွေးဖက်များအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပြန်လည်အသက်ဝင်လာသည့်အတွက် တွေ့ဆုံဆွေးနွေးသည့်လမ်းစများလည်း ပွင့်လာသည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။

“ဒီကျနော်တို့ ၂ ဖက်အဆိုပြုချက်က ပြန်ညှိလိုက်မယ်ဆိုရင် အခုနောက်ဆုံးတော့ ကျနော်တို့ ဖြစ်ချင်တဲ့ဟာရယ် ဒီအစိုးရ ကိုယ်စားလှယ်ဖြစ်ချင်တဲ့ဟာရယ် ကျနော်တို့ ညှိနှိုင်းရေးအဖွဲ့ဖွဲ့တယ် ဒါကို ကျနော်တို့ မကြာခင်မှာ အစိုးရ ညှိနှိုင်းရေးအဖွဲ့နဲ့ ကျနော်တို့တွေ့မယ် ဒီ ၂ ခုရဲ့ ရလာဒ်ပေါ်မှာ မူတည်ပြီးတော့ ဒီတစ်ဆို့မှုကို ဖြေအောင် လမ်းစတစ်ခုတော့ တွေ့ပြီ ဒီလမ်းစပွင့်မှုမှာ ကျနော်ထင်တယ် ၂ ဖွဲ့စလုံးက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ သဘောထား တည့်တည့် မတ်မတ် ရှိတဲ့အခါ ကျရင် ဒါရှေ့ဆက်သွားလို့ရမှာပေါ့နော” ဟုပြောသည်။

ထို့အပြင် PPST အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် NCA မထိုးရသေးသော ညီနောင်တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လာရေးကိုလည်း ၎င်းတို့မှ ဦးတည်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံး ရပ် ဆိုင်းပြီး ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းစေလိုကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို PPST က တိုက်တွန်း ထားသည်။

“ဒီအခုလောလောဆယ် ဖြစ်ပွားနေတဲ့ ဒီရခိုင် နှင့် ရှမ်းမြောက်မှာ စစ်ရှိန်တွေမြှင့်တက်တာကို ကျနော်တို့ ၂ ဖက် ပေါ့နော ဒါကိုလျှော့ချပေးပြီးတော့ ဒီပစ်ခတ်တိုက်ခိုက်မှုတွေလျှော့ချပေးပြီးတော့ နိင်ငံရေး ဆွေးဆွေးပွဲကို အမြန်ဆုံးတက်ရောက်လာပေးဖို့ ဒါလည်း ကျနော်တို့တိုက်တွန်းတာပေါ့နော” ဟု နိုင်အောင်မငေး က ပြောသည်။

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များ၊ အကြံပေးပုဂ္ဂိုလ်များ၊ နည်းပညာအထောက်အကူပြုများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၇၄ ဦး တက်ရောက်ခဲ့ ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်သည်။

………………………………….

Zawgyi…

ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား တရားဝင္ ျပန္စေရး အပစ္ရပ္တိုင္းရင္းသားအဖြဲ႕မ်ား မူအားျဖင့္ သေဘာတူ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၂ ရက္။

အစိုးရ၊တပ္မေတာ္တို႔ႏွင့္ တစ္ဆို႔ေနသည့္ ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို တရားဝင္ ျပည္လည္စတင္ရန္ NCA အပစ္ရပ္ လက္မွတ္ ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲအစည္းမ်ားက မူအားျဖင့္ သေဘာတူ လိုက္သည္။

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ၃ ရက္ၾကာ က်င္းျပဳလုပ္ခဲ့သည့္ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္း အေဝးက ဆုံး ျဖတ္ခဲ့ၾကျခင္းျဖစ္သည္။

အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးစိုင္းငင္း က “အခုသိတယ္ေလ တစ္ဆို႔မႈေတြရွိတယ္ေလ။ အဲဒီတစ္ဆို႔မႈေတြ အရင္ရွင္းမယ္ ရွင္းၿပီးမွ ခုနက်ေနာ္ေျပာသလို တစ္ဆင့္ၿပီးတစ္ဆင့္ တရားဝင္လမ္းေၾကာင္းကလား အလြတ္သေဘာလမ္းေၾကာင္းကလား အဆင္ေျပတယ္ အားလုံးက လက္ခံႏိုင္တဲ့ အခင္းအက်င္း ရွိတယ္ အေျဖရေလာက္တယ္ဆိုမွ ခုနေျပာသလို ၂၁ ပင္လုံကို ဆက္လက္ က်င္းပဖို႔ ရွိပါတယ္” ဟုေျပာသည္။

တစ္ဆို႔ေနသည့္ ကိစၥရပ္မ်ားကို ေျဖရွင္းရန္ PPST က ဖြဲ႕စည္းထားသည့္ ေတြ႕ဆုံညႇိႏႈိင္းေရးအဖြဲ႕ ႏွင့္ အစိုးရဖက္မွ ေတြ႕ဆုံညႇိႏႈိင္းသည့္ အဖြဲ႕မ်ားႏွင့္ အေၾကအလည္ ေဆြးေႏြးသြားမည္ဟု ဗိုလ္မႉးႀကီး စိုင္းငင္းက ဆက္ေျပာသည္။

“ဟိုဖက္မွာလည္း ဖြဲ႕စည္းထားတဲ့ ညႇိႏႈိင္းေရး အဖြဲ႕ရွိတယ္။ က်ေနာ္တို႔ဖက္မွာလည္း ဖြဲ႕စည္းထားတဲ့ ညႇိႏႈိင္းေရး အဖြဲ႕ရွိတယ္ အဲဒီ ၂ ဖြဲ႕ေတြ႕ဆုံၿပီးမွ အဲလိုဖက္ဒရယ္ေရးရာ ကိစၥလား ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ကိစၥလား ပစ္ခတ္ တိုက္ခိုက္မႈ ခိုင္မာေရးကိစၥလား အဲဒါေတြကို က်ေနာ္တို႔က အေၾကအလည္ေဆြးေႏြးရမွာ”

PPST အစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္ထဲတြင္လည္း တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးJICM က်င္းပရန္ မူအားျဖင့္ သေဘာတူၿပီး PPST မွ ဖြဲ႕စည္းေပးသည့္ ညႇိႏႈိင္းေရးအဖြဲ႕မွ JICM က်င္းပေရးအတြက္ အစိုးရကိုယ္စားလွယ္ အဖြဲ႕ႏွင့္ ဆက္လက္ေဆြးေႏြးညႇိႏႈိင္းသြားျဖစ္ၿပီး ထိုေဆြးေႏြးပြဲမွ ရလာသည့္ ရလာဒ္ေပၚမူတည္ၿပီး JICM က်င္းပ သြားရန္ PPST မွ ဆုံးျဖတ္ခ်က္ ခ်မွတ္သြားမည္ ျဖစ္သည္ဟု ပါရွိသည္။

ဗိုလ္မႉးႀကီးစိုင္းငင္းက “JICM အစည္းအေဝးလုပ္ဖို႔လည္း ႀကိဳတင္ျပင္ဆင္တဲ့ အႀကိဳ ညႇိႏႈိင္းတဲ့ အစည္းအေဝး ေလး က်ေနာ္တို႔ လုပ္မယ္ အဲမွာ က်ေနာ္တို႔ ေဆြးေႏြးလိုတဲ့ အေၾကာင္းအရာေလးေတြ က်ေနာ္တို႔ ညႇိၾကမယ္။ အဲဒါမွ အဆင္ေျပတယ္ ဆိုတာနဲ႔ ရက္သတ္မွတ္မယ္ အျမန္ဆုံးေပါ့ေနာ အဲဒါသတ္မွတ္ၿပီးမွ ခုနေျပာသလို တစ္ဆင့္ၿပီးတစ္ဆင့္ေပါ့ ဆက္ လက္ၿပီးေတာ့ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္” ဟုေျပာသည္။

ထို႔အျပင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္တြင္ က်ေရာက္ေသာ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးခဲ့သည့္ ၄ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ကို တိုင္းျပည္၏ ေရရွည္တည္ တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရး တည္ေဆာက္ရန္အတြက္ အေရးႀကီးေသာ သမိုင္း မွတ္တိုင္အျဖစ္ ေလးနက္စြာ အသိအမွတ္ျပဳႀကိဳဆိုၿပီး ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းမႈမ်ားမွ တစ္ဆင့္NCA ကို တစ္စိုက္မတ္မတ္ အေကာင္အ ထည္ေဖာ္ရန္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ထို႔ေၾကာင့္ NCA ၄ ႏွစ္ျပည့္ အခမ္းအနား က်င္းပေရးအတြက္ NCA-S EAO ၏ အခမ္းအနား ပူးတြဲက်င္းပေရး ကိုယ္စား လွယ္အဖြဲ႕ကို PPST အစည္းအေဝးမွ ဖြဲ႕စည္းထားေပခဲ့သည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

လက္ရွိ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားကို တစ္ဆို႔ေစသည့္ အဓိက အေၾကာင္းအရာမ်ားမွာ ခြဲမထြက္ရသတ္မွတ္ခ်က္ႏွင့္ တစ္ခု တည္းေသာ တပ္မေတာ္ ဖြဲ႕စည္းေရးတို႔ေၾကာင့္ျဖစ္သည္ ဟု PPST က ေျပာသည္။

ဒုတိယအႀကိမ္ က်င္းပျပဳလုပ္ခဲ့သည့္ ၂၁ ရာစု ပင္လုံညီ လာခံ အစည္းအေဝးေနာက္ပိုင္း ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္မ်ား၊ ႏိုင္ငံေရး ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွာ တစ္ဆို႔မႈမ်ား ရွိလာသည့္အတြက္ အစိုးရႏွင့္ တိုင္းရင္းသား လက္ကိုင္ အဖြဲ႕အ စည္းမ်ား၏ တရားဝင္ေတြ႕ဆုံမႈလမ္းေၾကာင္းမ်ားမွာလည္း ရပ္တန႔္သြားခဲ့သည္။

လက္ရွိတြင္ တစ္ဆို႔မႈမ်ားကို ေက်ာ္လႊားရန္အတြက္ ႏွစ္ဖက္ ေဆြးေႏြးဖက္မ်ားအေနျဖင့္ တစ္ဖက္ႏွင့္တစ္ဖက္ ယုံၾကည္မႈ ျပန္လည္အသက္ဝင္လာသည့္အတြက္ ေတြ႕ဆုံေဆြးေႏြးသည့္လမ္းစမ်ားလည္း ပြင့္လာသည္ဟု PPST ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငး က ေျပာသည္။

“ဒီက်ေနာ္တို႔ ၂ ဖက္အဆိုျပဳခ်က္က ျပန္ညႇိလိုက္မယ္ဆိုရင္ အခုေနာက္ဆုံးေတာ့ က်ေနာ္တို႔ ျဖစ္ခ်င္တဲ့ဟာရယ္ ဒီအစိုးရ ကိုယ္စားလွယ္ျဖစ္ခ်င္တဲ့ဟာရယ္ က်ေနာ္တို႔ ညႇိႏႈိင္းေရးအဖြဲ႕ဖြဲ႕တယ္ ဒါကို က်ေနာ္တို႔ မၾကာခင္မွာ အစိုးရ ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ က်ေနာ္တို႔ေတြ႕မယ္ ဒီ ၂ ခုရဲ႕ ရလာဒ္ေပၚမွာ မူတည္ၿပီးေတာ့ ဒီတစ္ဆို႔မႈကို ေျဖေအာင္ လမ္းစတစ္ခုေတာ့ ေတြ႕ၿပီ ဒီလမ္းစပြင့္မႈမွာ က်ေနာ္ထင္တယ္ ၂ ဖြဲ႕စလုံးက ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚမွာ သေဘာထား တည့္တည့္ မတ္မတ္ ရွိတဲ့အခါ က်ရင္ ဒါေရွ႕ဆက္သြားလို႔ရမွာေပါ့ေနာ” ဟုေျပာသည္။

ထို႔အျပင္ PPST အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဖာ္ေဆာင္ရာတြင္ NCA မထိုးရေသးေသာ ညီေနာင္တိုင္း ရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလုံး ပါဝင္လာေရးကိုလည္း ၎တို႔မွ ဦးတည္ႀကိဳးပမ္းသြားမည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားကို အျမန္ဆုံး ရပ္ ဆိုင္းၿပီး ၿငိမ္းခ်မ္းေသာနည္းျဖင့္ ေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းေစလိုေၾကာင္း သက္ဆိုင္ရာ အဖြဲ႕အစည္း အားလုံးကို PPST က တိုက္တြန္း ထားသည္။

“ဒီအခုေလာေလာဆယ္ ျဖစ္ပြားေနတဲ့ ဒီရခိုင္ ႏွင့္ ရွမ္းေျမာက္မွာ စစ္ရွိန္ေတြျမႇင့္တက္တာကို က်ေနာ္တို႔ ၂ ဖက္ ေပါ့ေနာ ဒါကိုေလွ်ာ့ခ်ေပးၿပီးေတာ့ ဒီပစ္ခတ္တိုက္ခိုက္မႈေတြေလွ်ာ့ခ်ေပးၿပီးေတာ့ နိင္ငံေရး ေဆြးေဆြးပြဲကို အျမန္ဆုံးတက္ေရာက္လာေပးဖို႔ ဒါလည္း က်ေနာ္တို႔တိုက္တြန္းတာေပါ့ေနာ” ဟု ႏိုင္ေအာင္မေငး က ေျပာသည္။

NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးကို ေအာက္တိုဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ ၃ ရက္ၾကာ က်င္းျပဳလုပ္ခဲ့ၿပီး အစည္းအေဝးသို႔ PPST ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္ မ်ား၊ အႀကံေပးပုဂၢိဳလ္မ်ား၊ နည္းပညာအေထာက္အကူျပဳမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ား စုစုေပါင္း ၇၄ ဦး တက္ေရာက္ခဲ့ ၾကသည္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ အဖြဲ႕ မ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္း သားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳး သား လြတ္ ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုကေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ျဖစ္သည္။