နိုင်ငံခြားအဖွဲ့အစည်းများမှ အကူအညီတောင်းခံမှုအပေါ် အစိုးရ ကန့်သတ်ချက်ကို တိုင်းရင်းသား အဖွဲ့များ သဘောမတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
နိုင်ငံခြား အဖွဲ့အစည်းများမှ အကူအညီများရယူရာတွင် အမျိုးသား သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန NRPC ကို ခွင့်ပြုချက်တောင်းခံရမည်ဟု အစိုးရ၏ ပြောဆိုချက်ကို NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပယ်ချလိုက်သည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပပြီးစီးသွားခဲ့သော အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ဤကိစ္စကို သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ကြပြီး ဒီကန့်သတ်မှုကို တရားဝင်စာပြန်ပို့သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက သတင်းထောက်များကို ပြောသည်။
“ဒီကိစ္စတွေဟာ ကျနော်တို့ NCA ရဲ့ အပိုဒ် ၂၅ မှာ ကွဲလွဲမှုတွေရှိကြတယ်၊ ဒါကို ကျနော်တို့က ဒီကိစ္စကို နိုင်ငံတော်ဆီ စာပို့တဲ့ NRPC ကို သမ္မတကို NRPC ကိုစာပြန်ပို့မယ်၊ ဒီကိစ္စက မဖြစ်သင့်ဘူးပေါ့နော်၊ ဒီဟာ ခွင့်ပြုချက် ရယူပြီးမှ ဆိုတာ မဖြစ်သင့်ဘူး၊ နှစ်ဖက်ပူးပေါင်းညှိနှိုင်းပြီးမှပဲ လုပ်သင့်တယ်ဆိုတဲ့အကြောင်း ဒါကို တရားဝင် စာ ပြန်ပို့ပေးမှာပေါ့။”
စက်တင်ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ခဲ့သော စာတွင် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံခြား သံရုံးများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများကို တိုက်ရိုက်ဆက်သွယ် အကူအညီ တောင်းခံတာမျိုးမလုပ်ဘဲ NRPC ကိုအရင်တင်ပြပြီး ခွင့်ပြုချက်တောင်းခံရမည်ဟု ဆိုထားသည်။
အစိုးရ၏ ယခုလို ပြောဆိုချက်သည် NCA စာချုပ်နဲ့ ဆန့်ကျင်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။
“အဲ့ဒီ NCA ထဲက ကျနော်တို့ မူလ တိုင်းရင်းသားတွေရဲ့ ဒီ မူလ လုံခြုံရေးနဲ့ဖွံ့ဖြိုးရေးကိစ္စ မိမိရဲ့ အတိုင်းအတာအတိုင်း ဆောင်ရွက်ကြတယ် ဆိုတာ အသိအမှတ်ပြုပြီးတော့ ရှေ့ဆက်လုပ်တဲ့ နေရာမှာလည်း ဘယ်လို ညှိနှိုင်းဆောင်ရွက်မယ် ဘယ်လို ချိတ်ဆက်ဆောင်ရွက်မယ်ဆိုတဲ့အပိုင်းနဲ့ သွားပါတယ်။ အဲ့အတွက်ကြောင့် အဲ့လိုမျိုး သူတို့ရဲ့ သဘောတူညီချက်ယူပြီးမှ သွားရမယ်ဆိုတဲ့ဟာကတော့ NCA ကို ဆန့်ကျင်တဲ့သဘော ဖြစ်သွားပါတယ်။”
ဤတောင်းဆိုချက်သည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ယုံကြည်မှုတည်ဆောက်နေခြင်းကို အဟန့်အတားဖြစ်စေကြောင်းနဲ့ ထိန်းချုပ်ရန် ကြိုးစားခြင်းထက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိသင့်သည်ဟု ပြောဆိုလိုက်သည်။
“နိုင်ငံတော်ရဲ့ ရှေ့အနာဂတ်ရေးကို ကြည့်မယ် လူသားတွေရဲ့ အခွင့်အရေးကိုကြည့်မယ် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကြည့်မယ်ဆိုလို့ရှိရင်တော့ အစိုးရက ထိန်းချုပ်ဖို့ကြိုးစားတာထက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးသင့်တယ်လို့ ကျမအမြင်ရှိပါတယ်။” ဟု ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်ရှိ အစည်းအဝေး ကျင်းပမှုများကို JPF ခေါ် ပူးတွဲ ငြိမ်းချမ်းရေး ရံပုံငွေ အဖွဲ့က ကူညီငွေကို တိုက်ရိုက်ရယူခွင့် မရှိပဲ ငြိမ်းဖောင်ဒေးရှင်း မှတဆင့် ရယူသုံးစွဲနေကြရသည်။
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များ၊ အကြံပေးပုဂ္ဂိုလ်များ၊ နည်းပညာအထောက်အကူပြုများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၇၄ ဦး တက်ရောက်ခဲ့ ကြသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်သည်။
……………………………………………..
Zawgyi…
ႏိုင္ငံျခားအဖြဲ႕အစည္းမ်ားမွ အကူအညီေတာင္းခံမႈအေပၚ အစိုးရ ကန႔္သတ္ခ်က္ကို တိုင္းရင္းသား အဖြဲ႕မ်ား သေဘာမတူ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။
ႏိုင္ငံျခား အဖြဲ႕အစည္းမ်ားမွ အကူအညီမ်ားရယူရာတြင္ အမ်ိဳးသား သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟို ဌာန NRPC ကို ခြင့္ျပဳခ်က္ေတာင္းခံရမည္ဟု အစိုးရ၏ ေျပာဆိုခ်က္ကို NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက ပယ္ခ်လိုက္သည္။
ေအာက္တိုဘာလ ၁၂ ရက္ေန႔က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာက်င္းပၿပီးစီးသြားခဲ့ေသာ အပစ္ရပ္ ၁၀ ဖြဲ႕၏ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးတြင္ ဤကိစၥကို သေဘာမတူေၾကာင္း ဆုံးျဖတ္ခဲ့ၾကၿပီး ဒီကန႔္သတ္မႈကို တရားဝင္စာျပန္ပို႔သြားမည္ဟု သတင္းစာရွင္းလင္းပြဲတြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ၏ ေျပာေရးဆိုခြင့္ ရွိသူ ႏိုင္ေအာင္မေငးက သတင္းေထာက္မ်ားကို ေျပာသည္။
“ဒီကိစၥေတြဟာ က်ေနာ္တို႔ NCA ရဲ႕ အပိုဒ္ ၂၅ မွာ ကြဲလြဲမႈေတြရွိၾကတယ္၊ ဒါကို က်ေနာ္တို႔က ဒီကိစၥကို ႏိုင္ငံေတာ္ဆီ စာပို႔တဲ့ NRPC ကို သမၼတကို NRPC ကိုစာျပန္ပို႔မယ္၊ ဒီကိစၥက မျဖစ္သင့္ဘူးေပါ့ေနာ္၊ ဒီဟာ ခြင့္ျပဳခ်က္ ရယူၿပီးမွ ဆိုတာ မျဖစ္သင့္ဘူး၊ ႏွစ္ဖက္ပူးေပါင္းညႇိႏႈိင္းၿပီးမွပဲ လုပ္သင့္တယ္ဆိုတဲ့အေၾကာင္း ဒါကို တရားဝင္ စာ ျပန္ပို႔ေပးမွာေပါ့။”
စက္တင္ဘာလ ၃ ရက္ေန႔ ေန႔စြဲျဖင့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ထုတ္ျပန္ခဲ့ေသာ စာတြင္ ေဒသတြင္း ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား၊ လိုအပ္ခ်က္မ်ားကို ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံျခား သံ႐ုံးမ်ား၊ ႏိုင္ငံတကာအစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားကို တိုက္႐ိုက္ဆက္သြယ္ အကူအညီ ေတာင္းခံတာမ်ိဳးမလုပ္ဘဲ NRPC ကိုအရင္တင္ျပၿပီး ခြင့္ျပဳခ်က္ေတာင္းခံရမည္ဟု ဆိုထားသည္။
အစိုးရ၏ ယခုလို ေျပာဆိုခ်က္သည္ NCA စာခ်ဳပ္နဲ႔ ဆန႔္က်င္ေနေၾကာင္း ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU အေထြေထြ အတြင္းေရးမႉး ပဒိုေစာတာဒိုမႉးက ေျပာသည္။
“အဲ့ဒီ NCA ထဲက က်ေနာ္တို႔ မူလ တိုင္းရင္းသားေတြရဲ႕ ဒီ မူလ လုံၿခဳံေရးနဲ႔ဖြံ႕ၿဖိဳးေရးကိစၥ မိမိရဲ႕ အတိုင္းအတာအတိုင္း ေဆာင္႐ြက္ၾကတယ္ ဆိုတာ အသိအမွတ္ျပဳၿပီးေတာ့ ေရွ႕ဆက္လုပ္တဲ့ ေနရာမွာလည္း ဘယ္လို ညႇိႏႈိင္းေဆာင္႐ြက္မယ္ ဘယ္လို ခ်ိတ္ဆက္ေဆာင္႐ြက္မယ္ဆိုတဲ့အပိုင္းနဲ႔ သြားပါတယ္။ အဲ့အတြက္ေၾကာင့္ အဲ့လိုမ်ိဳး သူတို႔ရဲ႕ သေဘာတူညီခ်က္ယူၿပီးမွ သြားရမယ္ဆိုတဲ့ဟာကေတာ့ NCA ကို ဆန႔္က်င္တဲ့သေဘာ ျဖစ္သြားပါတယ္။”
ဤေတာင္းဆိုခ်က္သည္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြင္း ယုံၾကည္မႈတည္ေဆာက္ေနျခင္းကို အဟန႔္အတားျဖစ္ေစေၾကာင္းနဲ႔ ထိန္းခ်ဳပ္ရန္ ႀကိဳးစားျခင္းထက္ လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္ရွိသင့္သည္ဟု ေျပာဆိုလိုက္သည္။
“ႏိုင္ငံေတာ္ရဲ႕ ေရွ႕အနာဂတ္ေရးကို ၾကည့္မယ္ လူသားေတြရဲ႕ အခြင့္အေရးကိုၾကည့္မယ္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြကို ၾကည့္မယ္ဆိုလို႔ရွိရင္ေတာ့ အစိုးရက ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတာထက္ လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္ေပးသင့္တယ္လို႔ က်မအျမင္ရွိပါတယ္။” ဟု ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ ALP ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ေစာျမရာဇာလင္းက ေျပာသည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အေနျဖင့္ လက္ရွိ အစည္းအေဝး က်င္းပမႈမ်ားကို JPF ေခၚ ပူးတြဲ ၿငိမ္းခ်မ္းေရး ရံပုံေငြ အဖြဲ႕က ကူညီေငြကို တိုက္႐ိုက္ရယူခြင့္ မရွိပဲ ၿငိမ္းေဖာင္ေဒးရွင္း မွတဆင့္ ရယူသုံးစြဲေနၾကရသည္။
NCA အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးကို ေအာက္တိုဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ ၃ ရက္ၾကာ က်င္းျပဳလုပ္ခဲ့ၿပီး အစည္းအေဝးသို႔ PPST ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္ မ်ား၊ အႀကံေပးပုဂၢိဳလ္မ်ား၊ နည္းပညာအေထာက္အကူျပဳမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ား စုစုေပါင္း ၇၄ ဦး တက္ေရာက္ခဲ့ ၾကသည္။
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ အဖြဲ႕ မ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္း သားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳး သား လြတ္ ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုကေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ျဖစ္သည္။