မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ တပ်မတော်တို့ တွေ့ဆုံမှုကို နိုဝင်ဘာသို့ ရွှေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ် နှစ်ဦးသဘောတူ (Bilateral) လက်မှတ်ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးမည့် အချိန်ကို နိုဝင်ဘာလအတွင်းသို့ ရွေ့ဆိုင်းထားသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ပြောသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာ က “နောက်လပေါ့၊ ဒီနိုဝင်ဘာလ ပထမအပတ်၊ ဒုတိယအပတ်လောက်မှ တွေ့ဆုံဖြစ်မယ်လို့ပဲ အကြမ်းဖျင်း သိရသေးတယ်။ ရက်အတိအကျတော့ မသိရသေးပါဘူး။ အစိုးရဘက်က ဆွေးနွေးပွဲတွေရှိတော့ အချိန် အဆင်မပြေသေးလို့ မတွေ့ ဖြစ်တာပါ” ဟု ပြောသည်။

မူလက မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ အောက်တိုဘာလအတွင်း တွေ့ဆုံဆွေး နွေးရန် နှစ်ဖက်သဘောတူထားသော်လည်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များဖက်မှ ဆွေးနွေးပွဲများ ဆက်တိုက်ရှိ နေသည့်အတွက် မအားလပ်သောကြောင့် နိုဝင်ဘာလသို့ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု PCG က ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

“ဒီတိုင်းရင်းသားအဖွဲ့တွေဘက်က အဆင်မပြေလို့လည်း မဟုတ်ဘူး။ ဒီအခု ကချင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်းမဟုတ်ဘူး။ တဖက်က အချိန် အဆင်မပြေ သေး တော့ နောက်တစ်ဖက်က စောင့်ရတာမျိုးပါပဲ။ ဘာပြဿနာမှ ရှိလို့မဟုတ်ဘူး။ စိုးရိမ်စရာလည်း မရှိပါဘူး။ သေချာတာကတော့ နောက်လထဲမှာ တွေ့ဆုံဖြစ်မှာပါ။”

“အောက်တိုဘာလ ၂၈-၂၉ မှာ အပစ်ရပ်အဖွဲ့တွေနဲ့ အမျိုးသားပြန်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က လူကြီးတွေ တွေ့ဆုံဖို့ ရှိလို့ပါ။ သူတို့အစည်းအဝေးရှိလို့ ဒီလမှာ တွေ့ဆုံဖို့ မဖြစ် တော့တာပါ” ဟု ပြောသည်။

လက်ရှိတွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ် Bilateral လက်မှတ် ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်တိုင်တိုင် ပြုလုပ်ထားခဲ့ကြသည်။ မိုင်းလား နှစ် ၃၀ ပြည့်နေ့တွင် တစ်ကြိမ်၊ ဧပြီလ ၃၀ ရက်နေ့က မူဆယ်တွင် ဒုတိယအကြိမ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျိုင်းတုံတွင် တတိအကြိမ်နှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျိုင်းတုံတွင် စတုတ္ထအကြိမ် တို့ဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို သဘော တူညီခဲ့ကြပြီး အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးရန်နှင့် အချိန်၊ နေရာနှင့် ရက်ကို ဆက်လက် ညှိနှိုင်းရန် နှစ်ဖက် သဘောတူထားခဲ့သည်။ သို့သော် အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်များ မအားလပ်သည့်အတွက် ဆွေးနွေးပွဲကို ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု PCG က ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ သဘောတူညီခဲ့သည့် အချက် ၇ ချက်မှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက် လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း စည်းများကို တပ်မ တော်နှင့် ဆက်လက်ဆွေးနွေးရန်၊ တိုက်ပွဲမဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက် လက်ဆွေးနွေးရန် တို့ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ် ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု မြောက်ပိုင်း မဟာ မိတ် အဖွဲ့က ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

…………………

Zawgyi…

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရ တပ္မေတာ္တို႔ ေတြ႔ဆံုမႈကို ႏို၀င္ဘာသို႔ ေရႊ႔ဆိုင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၂၂ ရက္။

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ပဏာမ အပစ္ရပ္ ႏွစ္ဦးသေဘာတူ (Bilateral) လက္မွတ္ေရးထိုးႏိုင္ရန္ ေတြ႕ဆံုေဆြးေႏြးမည့္ အခ်ိန္ကို ႏို၀င္ဘာလအတြင္းသို႔ ေရြ႕ဆိုင္းထားသည္ဟု ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔ PCG က ေျပာသည္။

ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ PCG မွ ေျပာေရးဆိုခြင့္ရွိသူ ဦးလမိုင္ဂြမ္ဂ်ာ က
“ေနာက္လေပါ့၊ ဒီႏိုဝင္ဘာလ ပထမအပတ္၊ ဒုတိယအပတ္ေလာက္မွ ေတြ့ဆံုျဖစ္မယ္လို႔ပဲ အၾကမ္းဖ်င္း သိရေသးတယ္။ ရက္အတိအက်ေတာ့ မသိရေသးပါဘူး။ အစိုးရဘက္က ေဆြးေႏြးပြဲေတြရွိေတာ့ အခ်ိန္ အဆင္မေျပေသးလို႔ မေတြ႕ ျဖစ္တာပါ” ဟု ေျပာသည္။

မူလက ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ေအာက္တိုဘာလအတြင္း ေတြ႕ဆံုေဆြး ေႏြးရန္ ႏွစ္ဖက္သေဘာတူထားေသာ္လည္း အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္မ်ားဖက္မွ ေဆြးေႏြးပြဲမ်ား ဆက္တိုက္ရွိ ေနသည့္အတြက္ မအားလပ္ေသာေၾကာင့္ ႏို၀င္ဘာလသို႔ ေရြ႕ဆိုင္းလိုက္ျခင္းျဖစ္သည္ဟု PCG က ဦးလမိုင္ ဂြမ္ဂ်ာက ေျပာသည္။

“ဒီတုိင္းရင္းသားအဖြဲ႕ေတြဘက္က အဆင္မေျပလို႔လည္း မဟုတ္ဘူး။ ဒီအခု ကခ်င္မွာျဖစ္ေနတဲ့ တုိက္ပြဲေတြေၾကာင့္လည္းမဟုတ္ဘူး။ တဖက္က အခ်ိန္ အဆင္မေျပ ေသး ေတာ့ ေနာက္တစ္ဖက္က ေစာင့္ရတာမ်ိဳးပါပဲ။ ဘာျပႆနာမွ ရွိလို႔မဟုတ္ဘူး။ စိုးရိမ္စရာလည္း မရွိပါဘူး။ ေသခ်ာတာကေတာ့ ေနာက္လထဲမွာ ေတြ႕ဆံုျဖစ္မွာပါ။”

“ေအာက္တိုဘာလ ၂၈-၂၉ မွာ အပစ္ရပ္အဖြဲ႕ေတြနဲ႔ အမ်ိဳးသားျပန္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) က လူႀကီးေတြ ေတြ႕ဆံုဖို႔ ရွိလို႔ပါ။ သူတို႔အစည္းအေဝးရွိလို႔ ဒီလမွာ ေတြ႕ဆံုဖို႔ မျဖစ္ ေတာ့တာပါ” ဟု ေျပာသည္။

လက္ရွိတြင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရတို႔ ပဏာမ အပစ္ရပ္ Bilateral လက္မွတ္ ေရးထိုးႏိုင္ရန္ ေတြ႕ဆံုေဆြးေႏြးမႈ ၄ ႀကိမ္တိုင္တိုင္ ျပဳလုပ္ထားခဲ့ၾကသည္။ မိုင္းလား ႏွစ္ ၃၀ ျပည့္ေန႔တြင္ တစ္ႀကိမ္၊ ဧၿပီလ ၃၀ ရက္ေန႔က မူဆယ္တြင္ ဒုတိယအႀကိမ္၊ ၾသဂုတ္လ ၃၁ ရက္ေန႔တြင္ က်ဳိင္းတံုတြင္ တတိအႀကိမ္ႏွင့္ စက္တင္ဘာလ ၁၇ ရက္ေန႔တြင္ က်ိဳင္းတံုတြင္ စတုတၳအႀကိမ္ တို႔ျဖစ္သည္။

စက္တင္ဘာလ ၁၇ ရက္ေန႔က ျပဳလုပ္သည့္ က်ိဳင္းတံု ေတြ႕ဆံုေဆြးေႏြးပြဲတြင္ အခ်က္ ၇ ခ်က္ကို သေဘာ တူညီခဲ့ၾကၿပီး ေအာက္တိုဘာလအတြင္း ထပ္မံေတြ႕ဆံုေဆြးေႏြးရန္ႏွင့္ အခ်ိန္၊ ေနရာႏွင့္ ရက္ကို ဆက္လက္ ၫွိႏိႈင္းရန္ ႏွစ္ဖက္ သေဘာတူထားခဲ့သည္။ သို႔ေသာ္ အစိုးရဖက္မွ ေတြ႕ဆံုေဆြးေႏြးမည့္ ကိုယ္စားလွယ္မ်ား မအားလပ္သည့္အတြက္ ေဆြးေႏြးပြဲကို ေရြ႕ဆိုင္းလိုက္ျခင္းျဖစ္သည္ဟု PCG က ေျပာသည္။

ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ ၄ ဖြဲ႕ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ သေဘာတူညီခဲ့သည့္ အခ်က္ ၇ ခ်က္မွာ Bilateral လက္မွတ္ေရးထိုးေရးႏွင့္ လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား လုံးဝခ်ဳပ္ၿငိမ္းသြားေရး ဆက္ လက္ေဆြးေႏြးရန္၊ တပ္ေနရာခ်ထားေရး တိုက္ပြဲမ်ား ထပ္မံမျဖစ္ပြားေရး ႏွစ္ဖက္လိုက္နာရမည့္ စည္းမ်ဥ္း စည္းမ်ားကို တပ္မ ေတာ္ႏွင့္ ဆက္လက္ေဆြးေႏြးရန္၊ တိုက္ပြဲမျဖစ္ပြားေအာင္ ဆက္သြယ္ႏိုင္ေရးအတြက္ ဆက္ဆံေရး႐ုံးမ်ား ထားရွိရန္၊ NCA လက္မွတ္ေရးထိုးႏိုင္ေရး ႏွစ္ဖက္လက္ခံႏိုင္သည့္ လုပ္ငန္းစဥ္ကို ေဆြးေႏြးရန္၊ ေနရပ္စြန႔္ခြာ တိမ္းေရွာင္သူမ်ား ျပန္လည္ေနရာခ်ထားေရး ျပန္လည္ထူေထာင္ေရးကိစၥ ဆက္ လက္ေဆြးေႏြးရန္ တို႔ျဖစ္သည္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ ေရး ထိုးႏိုင္ရန္ တစ္ဆို႔ေနသည့္ အဓိက အခက္အခဲမွာ တပ္ေနရာခ်ထားေရးကိစၥရပ္ႏွင့္ လက္မွတ္ေရး ထိုးၿပီးပါက ပဋိပကၡေျဖ ရွင္းရာတြင္ ၾကားေနေစာင့္ၾကည့္မည့္ အဖြဲ႕ဖြဲ႕စည္းေရးတို႔ျဖစ္သည္ဟု ေျမာက္ပိုင္း မဟာ မိတ္ အဖြဲ႕က ေျပာသည္။

အစိုးရ၊ တပ္မေတာ္ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္ တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

၎ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕သည့္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားလည္းျဖစ္သည္။