ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့် မွန်ပါတီ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်။

ရွေးကောက်ပွဲ နည်းဥပဒေပါအတိုင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ယာယီ ရွှေ့ပြောင်းလုပ်သားများအား ဆန္ဒမဲ ပေးခွင့်ပြုထားသည့်ကိစ္စကို မွန်ညီညွတ်ရေးပါတီက ကန့်ကွက်လိုက်သည်။

အဆိုပါ နည်းဥပဒေအတိုင်း ယာယီရွှေ့ပြောင်းလုပ်သားများအား ဆန္ဒမဲပေးခွင့်ပြုပါက ရွေးကောက် ပွဲရလာဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံကိုယ်စားလှယ်၏ စစ်မှန်သော ကိုယ်စားပြု မှုအပေါ် မေးခွန်း ထုတ်စရာဖြစ်လာမည်ဟု မွန်ညီညွတ်ရေးပါတီက နိုဝင်ဘာ ၂၃ ရက်နေ့(ယနေ့) တွင် ကြေညာချက်ထုတ်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က“ရွှေ့ပြောင်းလုပ်သားမဲပေးပိုင်ခွင့်က အမှန်က ကိုယ်စားပြုနိုင်မှုက သူတို့နယ်က လွှတ်တော်ကိုယ်စားလှယ်အတွက်ပဲ ကိုယ်စားပြုနိုင်မှုရှိတယ် သူတို့ ယာယီ လာနေထိုင်တဲ့ဒေသက လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပိုင်ခွင့်မရှိဘူး အဲလိုမြင်တယ်” ဟု ပြောသည်။

လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်း ယာယီနေထိုင်သော ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့ယာယီနေထိုင်သော မဲဆန္ဒနယ်မြေတွင် ရွေးကောက်ခံသော ကိုယ်စားလှယ် လောင်းများအား ဆန္ဒမဲပေးခွင့်ပြုထားကြောင်း ပြဌာန်းပါရှိသည်။

အဆိုပါ ပြဌာန်းချက်အတိုင်း ယာယီရွှေ့ပြောင်းလုပ်သားများအား ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်တရား မျှတမှုကိုလည်း ထိပါးရာရောက်သည်ဟု ယူဆကြောင်း မွန်ညီညွတ်ရေးပါတီ၏ ထုတ်ပြန် ချက်ထဲတွင် တွေ့ရသည်။

ထို့ကြောင့် ယာယီရွေ့ပြောင်းလုပ်သားများအနေဖြင့် ၎င်းတို့ မူလနေထိုင်ရာ နယ်မြေများတွင် မဲပေးခြင်းကသာ အသင့်တော်ဆုံးဖြစ်သည်ဟု နိုင်စံတင်က ဆက်ပြောသည်။

“ယာယီရွှေ့ပြောင်းလုပ် သားတွေအနေနဲ့ သူတို့ ဒေသက လွှတ်တော်ကိုယ်စားလှယ်ပဲ မဲထည့်ပိုင်ခွင့်ရှိတယ် ပိုပြီးတော့အဆင်ပြေမယ် ကိုယ်စားပြုမှုဖြစ်မယ် သူတို့ ယာယီလာနေထိုင်တဲ့ဒေသက လွှတ်တော်ကိုယ်စား လှယ်ကို မဲထည့်ခွင့်ပေးတာ ဘယ်လိုမှ ကိုယ်စားမပြုနိုင်ဘူး”

ယာယီ ရွှေ့ပြောင်းလုပ်သားများအတွက် မဲပေးပိုင်ခွင့်ကို နေရပ်ပြန်ပြီး မဲပေးသည့်စနစ် သို့မဟုတ် ကြိုတင်မဲ ပေးသည့်စနစ်ဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်သည်ဟု မွန်ညီညွတ်ရေးပါတီက ပြောသည်။

မွန်ပါတီအနေနှင့် အဆိုပါ ယာယီ ရွှေ့ပြောင်းလုပ်သား မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ယခင်ကတည်းက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်ခဲ့ဖူးသလို ကော်မရှင်နှင့် တွေ့ဆုံတိုင်းလည်း တင်ပြမှုရှိခဲ့ကြောင်း ပါတီထံမှ သိရသည်။

ထိုကဲ့သို့ ကန့်ကွက်နေသည့် ကြားမှ ရွေးကောက်ပွဲကော်မရှင်က ယခုအခါ ရွေးကောက်ပွဲနည်းဥပဒေကို ပြန်ပြင်လိုက်သည့်အပေါ် အခြေအနေ ပိုဆိုးသွားသည်ဟုလည်း နိုင်စံတင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်၍ နည်းဥပဒေ ၁၀ တွင် ပါရှိသည့် ယာယီရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်သည့် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းအစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်းဟု အစားထိုး သွားမည်ဟု အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်တည်ရေးအတွက် သက်ဆိုင်သူများအနေနှင့် အဆိုပါ ယာယီ ရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်စေလိုသည်ဟု မွန်ပြည် နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကလည်း ပြောဆိုထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲနည်းဥပဒေပါ ယာယီရွှေ့ပြောင်း လုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီကလည်း ကြေညာချက်ထုတ် ကန့်ကွက်ထားသည့်အပြင် တိုင်းရင်းသားဒေသအများစုက တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

Zawgyi…

ေရႊ႔ေျပာင္းလုပ္သားမ်ား မဲေပးခြင့္ မြန္ပါတီ ကန္႔ကြက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလ ၂၄ ရက္။

ေရြးေကာက္ပြဲ နည္းဥပေဒပါအတိုင္း သက္ဆိုင္ရာ မဲဆႏၵနယ္ေျမမ်ားတြင္ ယာယီ ေရႊ႔ေျပာင္းလုပ္သားမ်ားအား ဆႏၵမဲ ေပးခြင့္ျပဳထားသည့္ကိစၥကို မြန္ညီညြတ္ေရးပါတီက ကန္႔ကြက္လိုက္သည္။

အဆိုပါ နည္းဥပေဒအတိုင္း ယာယီေရႊ႔ေျပာင္းလုပ္သားမ်ားအား ဆႏၵမဲေပးခြင့္ျပဳပါက ေရြးေကာက္ ပြဲရလာဒ္ကို အေျပာင္းအလဲျဖစ္ေစေသာေၾကာင့္ ေရြးေကာက္ခံကိုယ္စားလွယ္၏ စစ္မွန္ေသာ ကိုယ္စားျပဳ မႈအေပၚ ေမးခြန္း ထုတ္စရာျဖစ္လာမည္ဟု မြန္ညီညြတ္ေရးပါတီက ႏိုဝင္ဘာ ၂၃ ရက္ေန႔(ယေန႔) တြင္ ေၾကညာခ်က္ထုတ္ကာ ကန္႔ကြက္လိုက္ျခင္းျဖစ္သည္။

မြန္ညီညြတ္ေရးပါတီ တြဲဖက္အတြင္းေရးမွဴး (၂) ႏိုင္စံတင္က“ေရႊ႔ေျပာင္းလုပ္သားမဲေပးပိုင္ခြင့္က အမွန္က ကိုယ္စားျပဳႏိုင္မႈက သူတို႔နယ္က လႊတ္ေတာ္ကိုယ္စားလွယ္အတြက္ပဲ ကိုယ္စားျပဳႏိုင္မႈရွိတယ္ သူတို႔ ယာယီ လာေနထိုင္တဲ့ေဒသက လႊတ္ေတာ္ကိုယ္စားလွယ္ ေရြးခ်ယ္ပိုင္ခြင့္မရွိဘူး အဲလိုျမင္တယ္” ဟု ေျပာသည္။

လႊတ္ေတာ္ေရြးေကာက္ပြဲနည္းဥပေဒ ပုဒ္မ(၁၀)တြင္ သက္ဆိုင္ရာမဲဆႏၵနယ္ေျမအတြင္း ယာယီေနထိုင္ေသာ ေရႊ႔ေျပာင္းလုပ္သားမ်ားအား ၄င္းတို႔ယာယီေနထိုင္ေသာ မဲဆႏၵနယ္ေျမတြင္ ေရြးေကာက္ခံေသာ ကိုယ္စားလွယ္ ေလာင္းမ်ားအား ဆႏၵမဲေပးခြင့္ျပဳထားေၾကာင္း ျပဌာန္းပါရွိသည္။

အဆိုပါ ျပဌာန္းခ်က္အတိုင္း ယာယီေရႊ႔ေျပာင္းလုပ္သားမ်ားအား ဆႏၵမဲေပးခြင့္ျပဳျခင္းသည္ ေရြးေကာက္ပြဲ၏ လြတ္လပ္တရား မွ်တမႈကိုလည္း ထိပါးရာေရာက္သည္ဟု ယူဆေၾကာင္း မြန္ညီညြတ္ေရးပါတီ၏ ထုတ္ျပန္ ခ်က္ထဲတြင္ ေတြ႕ရသည္။

ထို႔ေၾကာင့္ ယာယီေရြ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ ၎တို႔ မူလေနထိုင္ရာ နယ္ေျမမ်ားတြင္ မဲေပးျခင္းကသာ အသင့္ေတာ္ဆံုးျဖစ္သည္ဟု ႏိုင္စံတင္က ဆက္ေျပာသည္။

“ယာယီေရႊ႔ေျပာင္းလုပ္ သားေတြအေနနဲ႔ သူတို႔ ေဒသက လႊတ္ေတာ္ကိုယ္စားလွယ္ပဲ မဲထည့္ပိုင္ခြင့္ရွိတယ္ ပိုျပီးေတာ့အဆင္ေျပမယ္ ကိုယ္စားျပဳမႈျဖစ္မယ္ သူတို႔ ယာယီလာေနထိုင္တဲ့ေဒသက လႊတ္ေတာ္ကိုယ္စား လွယ္ကို မဲထည့္ခြင့္ေပးတာ ဘယ္လိုမွ ကိုယ္စားမျပဳႏိုင္ဘူး”

ယာယီ ေရႊ႔ေျပာင္းလုပ္သားမ်ားအတြက္ မဲေပးပိုင္ခြင့္ကို ေနရပ္ျပန္ျပီး မဲေပးသည့္စနစ္ သို႔မဟုတ္ ႀကိဳတင္မဲ ေပးသည့္စနစ္ျဖင့္သာ တရားနည္းလမ္းက်က် အေကာင္အထည္ေဖာ္သင့္သည္ဟု မြန္ညီၫြတ္ေရးပါတီက ေျပာသည္။

မြန္ပါတီအေနႏွင့္ အဆိုပါ ယာယီ ေရႊ႔ေျပာင္းလုပ္သား မဲေပးပိုင္ခြင့္ႏွင့္ ပတ္သက္ျပီး ယခင္ကတည္းက ေရြးေကာက္ပြဲေကာ္မရွင္ထံ ကန္႔ကြက္စာတင္ခဲ့ဖူးသလို ေကာ္မရွင္ႏွင့္ ေတြ႔ဆံုတိုင္းလည္း တင္ျပမႈရွိခဲ့ေၾကာင္း ပါတီထံမွ သိရသည္။

ထိုကဲ့သို႔ ကန္႔ကြက္ေနသည့္ ၾကားမွ ေရြးေကာက္ပြဲေကာ္မရွင္က ယခုအခါ ေရြးေကာက္ပြဲနည္းဥပေဒကို ျပန္ျပင္လိုက္သည့္အေပၚ အေျခအေန ပိုဆိုးသြားသည္ဟုလည္း ႏိုင္စံတင္က ေျပာသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ျပန္လည္ျပင္ဆင္လိုက္သည့္ ေရြးေကာက္ပြဲ နည္းဥပေဒမ်ားႏွင့္ ပတ္သက္၍ နည္းဥပေဒ ၁၀ တြင္ ပါရွိသည့္ ယာယီေရႊ႔ေျပာင္းလုပ္သားမ်ား မဲေပးပိုင္ခြင့္ႏွင့္ ပတ္သက္သည့္ အနည္းဆံုး ရက္ေပါင္း ၁၈၀ ထက္မနည္းအစား အနည္းဆံုး ရက္ေပါင္း ၉၀ ထက္မနည္းဟု အစားထိုး သြားမည္ဟု ေအာက္တိုဘာ ၃ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့သည္။

လြတ္လပ္ျပီး တရားမွ်တသည့္ေရြးေကာက္ပြဲျဖစ္တည္ေရးအတြက္ သက္ဆိုင္သူမ်ားအေနႏွင့္ အဆိုပါ ယာယီ ေရႊ႔ေျပာင္းလုပ္သားမ်ား မဲေပးပိုင္ခြင့္ႏွင့္ ပတ္သက္ျပီး အေလးအနက္ထား ေဆာင္ရြက္ေစလိုသည္ဟု မြန္ျပည္ နယ္လႊတ္ေတာ္ ဒုဥကၠဌ ေဒါက္တာေအာင္ႏိုင္ဦးကလည္း ေျပာဆိုထားသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ျပင္ဆင္လိုက္သည့္ ေရြးေကာက္ပြဲနည္းဥပေဒပါ ယာယီေရႊ႔ေျပာင္း လုပ္သားမ်ား မဲေပးပိုင္ခြင့္ႏွင့္ ပတ္သက္ျပီး ကခ်င္အမ်ဳိးသားကြန္ဂရက္ပါတီကလည္း ေၾကညာခ်က္ထုတ္ ကန္႔ကြက္ထားသည့္အျပင္ တိုင္းရင္းသားေဒသအမ်ားစုက တိုင္းရင္းသားပါတီမ်ားကလည္း ကန္႔ကြက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားၾကသည္။