ဆေးခန်းနှင့် ပညာဒါနကျောင်းအပါအဝင် နေရာ ၆ ခု ချိပ်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဆေးခန်း၊ အခမဲ့ ပညာဒါနကျောင်း၊ လက်ဖက်ရည် ဆိုင် နှင့် နေအိမ်အချို့ အပါအဝင် နေရာ ၆ နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားသုံး ဝင်စီး ကာ ချိပ်ပိတ်လိုက်သည်။
အမှတ်(၈) ရပ်ကွက် ဇေယျဝတီလမ်းရှိ “ပညာပါရီ”ပညာဒါနစာသင်ကျောင်း၊ အမှတ်(၆)ရပ်ကွက် ရွေးဘိုတပ် လမ်းရှိ “ရွှေကျွန်း”ဆေးခန်း၊ အမှတ်(၁၃)ရပ်ကွက် ကင်မလင်း ကျွန်းလမ်း နှင့် အမှတ်(၁၄) ရပ်ကွက် ဥမ္မာဒန္တီ ၃ လမ်းရှိ လက်ဖက်ဆိုင် ၂ ဆိုင်၊ အမှတ်(၅ )ရပ်ကွက် မရမ်းချိုလမ်းရှိ နေအိမ် ၂ လုံး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်ကာ ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ယူနီဖောင်းဝတ်တွေတင်၆၀ကျော်တယ်။လမ်းနှစ်ဘက်ကိုပိတ်ထားပြီးသေနတ်တွေနဲ့ချိန်ထားတယ်။အိမ်ပေါ်ကလူတွေကိုဆွဲချတာတွေ့တယ်“ ဟု မျက်မြင်တွေ့ရှိသူ ပုသိမ်မြို့ခံတစ်ဦး က ပြောသည်။
ရဲ၊ စစ်သား၊ မီးသတ်များအပြင် အရပ်ဝတ် ဝတ်ထားသည့် သေနတ်အတို ကိုင်ထားသူများက ကား ၄ စီးနှင့် ဆိုင် ကယ်များပါ ရောက်ရှိလာပြီး ချိပ်ပိတ်ကြခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံ အချို့က ပြောသည်။
ချိပ်ပိတ်ခံရသည် နေရာ၊ အဆောက်အဦများမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသူများနှင့် ပတ် သက်ဆက်နွယ်သည်ဟု စွပ်စွဲခံရကာ ယခုကဲ့သို့ ဝင်စီး၍ ချိပ်ပိတ်ခံလိုက်ရခြင်းဖြစ်ကြသည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်များအရ သိရသည်။
ထိုကဲ့သို့ ချိပ်ပိတ်ခံရသည် နေရာပိုင်ရှင်များနှင့် ဆက်နွယ်သူအချို့သည်လည်း ပုဒ်မ အမျိုးမျိုးတပ်ကာ အဖမ်းခံ ထားရပြီး အချို့က ထွက်ပြေးတိမ်းရှောင် နေရကြရသူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက “ပုဒ်မ၅၀၅၊၁၂၂၊၁၂၄ဝရမ်းထုတ်ခံရတဲ့သူနဲ့ဆက်နွယ်တဲ့နေရာတွေကိုချိတ်ပိတ်တာလို့သိရတယ်” ဟု ပြောသည်။
ယခုစစ်ကောင်စီ ချိပ်ပိတ်လိုက်သည့် နေရာ ၆ နေရာထဲက “ရွှေကျွန်း” ဆေးခန်းပိုင်ရှင်လည်းဖြစ်၊ ၁၉၉၀ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာစစ်တင်သည် တိမ်းရှောင်နေရစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက် သြဂုတ်လအတွင်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဧရာဝတီတိုင်းထဲတွင် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့က နေအိမ်၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည်ဟု စွပ်စွဲချက်ဖြင့် ရေကြည်မြို့နယ်ထဲက နေအိမ် ၇လုံး၊ ဖျာပုံမြို့ တွင် နေအိမ် ၂ လုံး တို့ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီးနောက် ယခု ပုသိမ်မြို့တွင် ထပ်မံချိပ်ပိတ်သိမ်းခြင်း ဖြစ် သည်။
*** ZAWGYI ***
ေဆးခန္းႏွင့္ ပညာဒါနေက်ာင္းအပါအဝင္ ေနရာ ၆ ခု ခ်ိပ္ပိတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္။
ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕တြင္ ေဆးခန္း၊ အခမဲ့ ပညာဒါနေက်ာင္း၊ လက္ဖက္ရည္ ဆိုင္ ႏွင့္ ေနအိမ္အခ်ိဳ႕ အပါအဝင္ ေနရာ ၆ ေနရာကို ႏိုဝင္ဘာလ ၁၀ ရက္ေန႔ ညေနပိုင္းက စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အင္အားသုံး ဝင္စီး ကာ ခ်ိပ္ပိတ္လိုက္သည္။
အမွတ္(၈) ရပ္ကြက္ ေဇယ်ဝတီလမ္းရွိ “ပညာပါရီ”ပညာဒါနစာသင္ေက်ာင္း၊ အမွတ္(၆)ရပ္ကြက္ ေ႐ြးဘိုတပ္ လမ္းရွိ R၂ ဆိုင္၊ အမွတ္(၅ )ရပ္ကြက္ မရမ္းခ်ိဳလမ္းရွိ ေနအိမ္ ၂ လုံး တို႔ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ားႏွင့္ ရဲတပ္ဖြဲ႕က စီးနင္းဝင္ေရာက္ကာ ခ်ိပ္ပိတ္လိုက္ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ယူနီေဖာင္းဝတ္ေတြတင္ ၆၀ ေက်ာ္တယ္။ လမ္းႏွစ္ဘက္ကို ပိတ္ထားၿပီး ေသနတ္ေတြနဲ႔ ခ်ိန္ထားတယ္။ အိမ္ ေပၚကလူေတြကို ဆြဲခ်တာေတြ႕တယ္” ဟု မ်က္ျမင္ေတြ႕ရွိသူ ပုသိမ္ၿမိဳ႕ခံတစ္ဦး က ေျပာသည္။
ရဲ၊ စစ္သား၊ မီးသတ္မ်ားအျပင္ အရပ္ဝတ္ ဝတ္ထားသည့္ ေသနတ္အတို ကိုင္ထားသူမ်ားက ကား ၄ စီးႏွင့္ ဆိုင္ ကယ္မ်ားပါ ေရာက္ရွိလာၿပီး ခ်ိပ္ပိတ္ၾကျခင္းျဖစ္သည္ဟု မ်က္ျမင္ေတြ႕ရွိသည့္ ေဒသခံ အခ်ိဳ႕က ေျပာသည္။
ခ်ိပ္ပိတ္ခံရသည္ ေနရာ၊ အေဆာက္အဦမ်ားမွာ စစ္တပ္က အာဏာသိမ္းမႈကို ဆန႔္က်င္ခဲ့ၾကသူမ်ားႏွင့္ ပတ္ သက္ဆက္ႏြယ္သည္ဟု စြပ္စြဲခံရကာ ယခုကဲ့သို႔ ဝင္စီး၍ ခ်ိပ္ပိတ္ခံလိုက္ရျခင္းျဖစ္ၾကသည္ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕ႏွင့္ နီးစပ္သူမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။
ထိုကဲ့သို႔ ခ်ိပ္ပိတ္ခံရသည္ ေနရာပိုင္ရွင္မ်ားႏွင့္ ဆက္ႏြယ္သူအခ်ိဳ႕သည္လည္း ပုဒ္မ အမ်ိဳးမ်ိဳးတပ္ကာ အဖမ္းခံ ထားရၿပီး အခ်ိဳ႕က ထြက္ေျပးတိမ္းေရွာင္ ေနရၾကရသူမ်ားျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
အုပ္ခ်ဳပ္ေရးအဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက “ပုဒ္မ ၅၀၅၊ ၁၂၂၊ ၁၂၄ ဝရမ္းထုတ္ ခံရတဲ့သူနဲ႔ ဆက္ႏြယ္တဲ့ ေနရာေတြ ကို ခ်ိတ္ပိတ္တာလို႔ သိရတယ္” ဟု ေျပာသည္။
ယခုစစ္ေကာင္စီ ခ်ိပ္ပိတ္လိုက္သည့္ ေနရာ ၆ ေနရာထဲက “ေ႐ႊကြၽန္း” ေဆးခန္းပိုင္ရွင္လည္းျဖစ္၊ ၁၉၉၀ ေ႐ြး ေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္သည့္ ေဒါက္တာစစ္တင္သည္ တိမ္းေရွာင္ေနရစဥ္ကာလအတြင္း ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားၿပီးေနာက္ ၾသဂုတ္လအတြင္းက ကြယ္လြန္ခဲ့ၿပီးျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။
ဧရာဝတီတိုင္းထဲတြင္ ႏိုဝင္ဘာလ လဆန္းပိုင္းမွ စတင္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း မန္းေဂ်ာ္နီ၏ က်ဳံေပ်ာ္ၿမိဳ႕က ေနအိမ္၊ စစ္အာဏာသိမ္းမႈ ဆန႔္က်င္သည္ဟု စြပ္စြဲခ်က္ျဖင့္ ေရၾကည္ၿမိဳ႕နယ္ထဲက ေနအိမ္ ၇လုံး၊ ဖ်ာပုံၿမိဳ႕ တြင္ ေနအိမ္ ၂ လုံး တို႔ကို စစ္ေကာင္စီက ခ်ိပ္ပိတ္ခဲ့ၿပီးေနာက္ ယခု ပုသိမ္ၿမိဳ႕တြင္ ထပ္မံခ်ိပ္ပိတ္သိမ္းျခင္း ျဖစ္ သည္။