မြန်မာဘာသာ သတင်းအစီအစဉ် ( ၁၅ – ၁၁ – ၂၁ )

တရုတ်-နယ်စပ်မှာ ကိုးကန်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ရဲ့စစ်ကား ၉ စီး ပျက်စီးသွားတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း ၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံလူထုတစ်သောင်းကျော် စစ်ဘေးရှောင်နေရပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ COVID-19 ကူးစက်မှု မြင့်တက်နေပြီး ကာကွယ်ရေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။