နိုင်ကျဉ်းနှင့် တရားရုံး အစောင့်ရဲတို့ ခိုက်ရန် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ် ထောင်တွင်း တရားရုံးအနီးတွင် နိုင်ငံရေး အကျဉ်းသား နှင့် ရုံးထုတ် အစောင့်ရဲတို့ ရိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထောင်ဝင်စာပို့သူများက ပြောသည်။

ပုသိမ်ထောင်အတွင်း မှ နိုင်ငံရေး အကျဉ်းသား ၈ ဦးခန့်အား ထောင်တွင်း တရားရုံးကို ရုံးထုတ်လာချိန် ရုံးထုတ် အစောင့်ရဲ တစ်ဦးက နိုင်ငံရေးသမား နှင့် ထောင်ဝင်စာပို့သူတို့ကို ရန်စ စကားပြောသည့်အတွက် ရိုက်ပွဲဖြစ်ပွား ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသည့် ထောင်ဝင်စာ ပို့သူများက ပြောသည်။

“မိသားစုက နှုတ်ဆက်တာ အသံကျယ်တယ်လို့ ပြောတယ်။ နှုတ်ဆက်ရင်း မျက်ရည်ကျနေတဲ့ အမျိုးသမီး တစ် ယောက်ကို လုပ်တုန်းက လုပ်ကြပြီး ဘာအခုမှ ကြောက်နေလဲ အပိုတွေဆိုပြီး ရဲကပြောတာကနေ ရိုက်ပွဲ စဖြစ် တာ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က ပြောသည်။

အဆိုပါ ရိုက်ပွဲမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းအချိန်က ပုသိမ်ထောင်တွင်း တရားရုံးအနီးတွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

နိုင်ငံရေး သမားများအား ထောင်တရားရုံးကို ထုတ်လာသည်ကို မြင်သည့် ထောင်ဝင်စာပို့သူများက လက်ပြ နှုတ် ဆက်ကြသည်ကို ရုံးထုတ် တာဝန်ကျ အစောင့်ရဲ က လှောင်ပြောင်သည့် စကားပြောပြီး ရန်စသည့်အတွက် နိုင် ငံရေး သမားတစ်ဦးက မနောက်ပြောင်ရန် ပြောရာမှ ရဲနှင့် နိုင်ငံရေးသမားတို့ တွန်းထိုး ပြောကြရင်း ရိုက်ပွဲ ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်ဟု အနီးတွင် ရှိနေသူ တစ်ဦးက ပြောသည်။

နိုင်ငံရေးသမားများက လက်ထိပ်အတွဲလိုက် ခတ်ထားရာမှ ခုခံတိုက်ခိုက်ရာ ရဲတစ်ဦး နံရိုးကျိုးသွား၍ ဆေးရုံ တင်ထားရကြောင်း အမည်မဖေါ် လိုသည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လက်ထိပ် အတွဲလိုက် ခတ်ထားပြီး ရုံးထုတ်လာသည့် နိုင်ငံရေးသမားများနှင့် အစောင့်ရဲများ အပြန်အလှန် ရိုက် နေစဉ် ထောင်ဝင်စာလာပို့သူများနှင့် လုံခြုံရေး ယူထားသည့် ရဲများ ရုန်းရင်းဆန်ခတ် ဆက်ဖြစ်ကြသည်ဟု ဆိုသည်။ ထိုသို့ ဖြစ်ပွားနေစဉ် စရဖ တာဝန်ရှိသူ တစ်ဦးရောက်လာပြီး လူစုခွဲခိုင်း လိုက်သည်ဟု ဆိုသည်။

“ဖြစ်တာက သိပ်မကြာပါဘူး။ နိုင်ငံရေးသမားတွေ ထောင်အမှုထမ်းတွေနဲ့ ထောင်မှူးတွေက ထောင်ထဲ ပြန် ခေါ် သွားတယ်” ဟု ထောင်ဝင်စာလာပို့သည့်သူ တစ်ဦး က ပြောသည်။

ထိုသို့ ဖြစ်ပွားပြီးနောက် ထောင်ဝင်စာလာပို့သည့် အကျဉ်းသားများ၏ မိသားစုဝင်များကို အကျဉ်းဦးစီးဌာန တာ ဝန်ရှိသူများက ပြန်ခိုင်းလိုက်သည့် အပြင် နိုင်ငံရေး အကျဉ်းသားများကို ထောင်တွင်းကို ပြန်လည် ခေါ်သွားပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ရုံးထုတ်စစ်ဆေးမှုကို ရပ်နားလိုက်ရသည်ဟု ထောင်ဝင်စာပို့သူ အချို့က ပြောသည်။

ပုသိမ်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများက ၎င်းတို့ကို ရိုက်နှက် နှိပ်စက် ညှင်းပမ်းခြင်း မလုပ်ရန်နှင့် အကျဉ်း သား အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် ထောင်ထဲတွင် နည်းလမ်း အမျိုးမျိုးဖြင့် မကြာခဏ တောင်းဆို ဆန္ဒပြကြသည်ဟု ထောင်အာဏာပိုင်များနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်ထောင်ထဲတွင် နိုင်ငံရေး ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံထားရသည့် ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေး အ ကျဉ်းသား အမျိုးသမီး ၃၅ ဦးခန့် အပါအဝင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၀၀ ကျော်ရှိနေပြီး ထောင်တွင်း တရားရုံးက ထောင်ဒဏ်ချမှတ် ပြီးသော နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၁၈ ဦး နှင့် အမျိုးသား ၁၃၀ ကျော် ရှိပြီ ဖြစ်သည်။