ဘုတ်ပြင်း ရဲစခန်းမှ ထွက်ပြေးသော အချုပ်သား ၆ ဦး ပြန်ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားများ ထွက်ပြေးသွား ပြီး နောက် ၆ ဦး ပြန်လည် ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံများက ပြောသည်။

ရဲစခန်းထဲတွင် PDF များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံထားရသူ တစ်ဦး နှင့် CDM ရဲတပ်သားတစ်ဦးတို့ အ
ပါအဝင် အချုပ်သား ၁၂ ဦးက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားခဲ့ကြရာကနေ ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဘုတ်ပြင်းမြို့ခံ အမျိုးသားတစ်ဦးက “မနက် အစောကြီး ၃ နာရီလောက် ကတည်းက ထူးထူးခြားခြား စစ်သား တွေရော ရဲတွေပါ တမြို့လုံးနေရာ အနှံ့ရှာဖွေနေကြတာ။ မနက်မိုးလင်းမှ အချုပ်ဖောက်ပြေးတယ်ဆိုတာ သိရ တယ်” ဟု ပြောသည်။

ဘုတ်ပြင်း မြို့မရဲစခန်း က အချုပ်သား ၁၂ ဦးဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ညက အချုပ်ခန်းဖောက်ပြီး ထွက်ပြေး သွားကြခြင်း ဖြစ်သည်။

ထွက်ပြေးသွားသူများ အနက် ၆ ဦး ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ၆ ဦးမှာမူ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲ
ဖြစ်သည်ဟု အသက် ၄၅ နှစ်အရွယ် ရဲစခန်းအနီး နေထိုင်သူ ဘုတ်ပြင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြန်လည် ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြင်းအထန် ရိုက်နှက်ပြီး ဒရွတ်တိုက် ဆွဲခေါ် သွားသည်ကိုလည်း မြင်တွေ့ရသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် ဘုတ်ပြင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံများတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တင်း ကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

အလားတူ ဘုတ်ပြင်းမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ က အင်အား အလုံး အရင်းဖြင့် ပိုက်စိပ်တိုက် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်လျက် ရှိနေသည်ဟု ဒေသခံများက ပြောသည်။