မီးရှို့ခံရသည့် ဒီပဲယင်းမြို့နယ်မှ ရွာသားများ ပြန်လည်တည်ဆောက်ရေး အကူအညီလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာလုံးကျွတ် မီးရှို့ခံရသည့် ကျေးရွာများက ရွာသားများအတွက် နေထိုင် ရေး အခက်အခဲများ ကြုံနေရပြီး နေစရာအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အရေးပေါ် အကူအညီ များ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးသူများက ပြောသည်။
ဒီပဲယင်းမြို့နယ် အေးသာယာပျံကျရွာရှိ လူနေအိမ်များသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ရွာလုံး ကျွတ်မီးရှို့ခံခဲ့ရခြင်းဖြစ်ရာ နေအိမ်ပြန်လည်တည်ဆောက်ရန် အကူအညီများ လိုအပ်နေသည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မီးရှို့ခံရတဲ့ ရွာတွေအကုန်လုံးက လက်ရှိ တချို့သွပ်စလေးတွေ ဒီကျန်တဲ့လူက သွပ်တွေဘာတွေ ကောက်ပြီး တော့မှ ယာယီတဲ ပုံစံမျိုးလေးတွေ မိုးပြီးတော့နေတာလေးတွေ ရှိတယ်ဗျ။ တချို့လည်း မိုးကာလေးတွေ ထိုး ပြီး နေတာရှိတယ်။ ဒါပေမယ့် အများစုကတော့ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ သွားပြီးတော့ စုခွဲနေ နေ ကြရတယ်ဗျ။ လက်ရှိ နေစရာအိမ် မရှိတဲ့ လူတော်တော်များများပေါ့နော်။”
မီးလောင်ပြာကျပြီး ကျန်ခဲ့သည့် သွပ်စများဖြင့် အမိုးကာလုပ်၍ ယာယီတဲပုံစံမျိုးထိုးရေး နေထိုင်ကြသည့်အပြင် အချို့က မိုးကာ၊ ပလပ်စတစ်များ ကား၍ နေထိုင်ကြသူများလည်း ရှိနေသည်ဟု အေးသာယာပျံကျကျေးရွာက မီးဘေးသင့် စစ်ဘေးရှောင်များကို ကူညီသူများက ပြောသည်။
သို့သော် အများစုမှာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် နေထိုင်ကြသည်ဟု ဆိုသည်။
ဒီပဲယင်းမြို့နယ် ညီနောင်အဖွဲ့ တာဝန်ရှိသူက “ခုလက်ရှိ မြေပြင်မှာလည်းပဲ ဒီအိမ်ခြေ ၅၄၀၀ လောက် ပြာကျ ထားတဲ့ ပြည်သူတွေတွက်က နေစရာ၊ စားစရာနဲ့ သူတို့တွေ ဒီလက်ရှိ ဆောင်းတွင်းကြီးလည်း ဖြစ်တယ်ပေါ့ နော်။ သူတို့ ပိုင်ဆိုင်သမျှ အားလုံးကလည်း ဒီမီးလောင်ပြာကျခဲ့ရပြီဆိုတော့ သူတို့ရဲ့ စားဝတ်နေရေး ကျန်းမာ ရေးတွက်ကို အကူညီတွေ မဲ့နေတယ်ပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိမြေပြင်တွင် နေအိမ်များ ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်များအတွက် ကူညီလိုသူများ အနေ ဖြင့်လည်း ဒီပဲယင်းညီနောင်များအဖွဲ့ လူမှုကူညီရေးအသင်းကို ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာမှ တစ်ဆင့် ဆက် သွယ်ပြီး ကူညီထောက်ပံ့ပေးနိုင်သည်ဟု ဆိုသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့ကိုလည်း ဇန္နဝါရီလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ဟု အကူအညီပေးနေသူများနှင့် ဒေသခံများက ပြော သည်။
ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခမရ-၃၆၄ နှင့် ခလရ-၇၀၁ တပ်ရင်းတို့က တစ်ရွာဝင်တစ်ရွာထွက် ထိုးစစ်ဆင် ဝင်ရောက်က လိုက်လံ မီးရှို့ခဲခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နေအိမ်ပေါင်း ၃၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ် တပ်က အာဏာသိမ်းစမှ ဒီဇင်ဘာလကုန်အထိ နေအိမ်အလုံးရေ ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသ အတွင်း အကူအညီပေးနေသူများက ကောက်ခံထားသည့် စာရင်းများတွင် ဖော်ပြသည်။