၁၂ နှစ်ကြာ စစ်ရှောင်အချို့ နေရပ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်။
မူရင်း ရပ်ရွာများ စစ်ပွဲ မရှိတော့ သဖြင့် တရုတ် – မြန်မာနယ်စပ်ရှိ၊ နမ့်ခမ်းမြို့ပေါ်တွင် ၁၂ နှစ်ခန့် အကြာ စစ်ဘေးရှောင်ခဲ့ကြရသည့် စစ်ဘေးဒုက္ခသည် အချို့ နေရပ်ကို ပြန်သွားကြပြီဟု အကူအညီပေးနေသူများက ပြောသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် မော်ဆွေကျေးရွာ၊ ယန်ဝူးကျေးရွာ၊ ကဒေါ့ကောင်ကျေးရွာ၊ မန် ကန်ကျေးရွာနှင့် ကျမ်းကားကျေးရွာများက စစ်ရှောင်ပြည်သူများ မတ်လ ၁၅ ရက်နေ့က နေရပ်ကို ပြန်သွား ကြခြင်း ဖြစ်သည်။
စစ်ရှောင်များ နေရပ်ပြန်ရေး ကူညီနေသူတစ်ဦးက “ပြီးခဲ့တဲ့ (မတ်လ) ၁၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ဆုတောင်းပွဲ လုပ်ကြပြီး ၁၅ ရက်နေ့မှာတော့ အိမ်ထောင်စု ၂၁ စု ပြန်ကြပြီ။ နောက်လ ဧပြီ၊ မေတွေမှာလည်း အဲ့လို နည်း နည်းချင်းစီ ပြန်ကြမှာ” ဟု ပြောသည်။
စစ်ဘေးဒုက္ခသည်များ အနေဖြင့် မိမိတို့ အစီအစဉ်ဖြင့် နေရပ်သို့ ပြန်ကြခြင်းဖြစ်ပြီး နေရပ်အပြန် ခရီးအတွက် သယ်ယူပို့ဆောင်ရေးကို မုံးမောဝ်ဇုံနယ် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့ချုပ် (KBC) က အခမဲ့ ကူညီပို့ဆောင် ခဲ့ခြင်း ဖြစ်သည်။
နမ့်ခမ်း ဒေသခံပြည်သူ တစ်ဦးက “ပြီးခဲ့တဲ့ နှစ်ကတည်းက သူတို့ အရမ်း ပြန်ချင်နေကြတာ။ အကြောင်းအမျိုး မျိုးကြောင့် မပြန်နိုင်ကြတာ။ အခုဆို ဘယ်အကူအညီမှ မရှိတော့ဘူးလေ။ ပြီးတော့ ကိုယ့်ရပ် ကိုယ့်ရွာဘက်မှာ တော့ အရင်တုန်းကမှ စစ်ဖြစ်တာလေ။ အခုတော့ စစ်လည်း မဖြစ်တော့ဘူးလေ။ ရပ်ရွာဒေသဘက်တော့ ဘာမှ စိုးရိမ်စရာမလိုတော့လို့ ပြန်ကြတာ” ဟု ပြောသည်။
လက်ရှိတွင် နမ့်ခမ်းမြို့နယ်အတွင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်က စစ်ရှောင်ပြည်သူ အချို့ ကျန်ရှိနေ သေးပြီး ၎င်းတို့သည်လည်း ယခုနှစ် မိုးရာသီမရောက်ခင် ဧပြီလနှင့် မေလများအတွင်း နေရပ်ပြန်နိုင်ရေး စီစဉ် ထားကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။
၂၀၁၈ ခုနှစ် ခန့်ကတည်းက စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန် များစွာ ပြင်ဆင်ကြိုးပမ်းကြသော်လည်း နေအိမ် အဆောက်အအုံများ ပြည်လည်တည်ဆောက်ရခြင်းကြောင့် ကြန့်ကြာခဲ့ကြခြင်းဖြစ်သည်။
အလားတူ ပြင်ပမှ ကူညီထောက်ပံ့မှုများကလည်း မရှိသလောက် နည်းပါးလာသည့်အပြင် စစ်ရှောင်စခန်းများ အတွင်း နေထိုင်ရခြင်းကြောင့် အလုပ်အကိုင် ပိုမိုခက်ခဲလာပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ကြရ ခြင်း၊ ကလေးများမှာလည်း နမ့်ခမ်းမြို့ပေါ်တွင် ကျောင်းတက်နေကြခြင်း စသည့် အကြောင်းအရင်းများကြောင့် နေရပ်ပြန်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ယခုနှစ်မှ ပြန်နိုင်ကြခြင်း ဖြစ်သည် ဟု စစ်ရှောင်များက ဆိုသည်။
ဒေသခံ တစ်ဦးက “ရှောင်လာတာက ၂၀၁၁ ကတည်းက ဟုတ်ပြီ။ အခုမတ်လထဲ ၁၂ နှစ်ထဲ ဝင်တာ သုံးလရှိပြီ။ အခုတောင် ပြန်တာ နောက်ကျနေပြီ။ World Food က အထောက်အပံ့ အနည်းငယ်နဲ့ပဲ နေနေကြရတာ။ အဲ့လိုပဲ ဆက်နေနေရင်လည်း အဓိပ္ပာယ် မရှိတော့ဘူးလေ” ဟု ပြောသည်။
မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် လယ်ယာခြံမြေများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် အပြင် မိသားစုများ အခြေတကျနေထိုင်နိုင်ရေး ပြန်လည်တည်ထောင်ရန် အချိန်များစွာ နောက်ကျခဲ့ရသည် ဟု စစ်ရှောင်များက ဆိုသည်။
၎င်းတို့ နေထိုင်ရာ ဒေသများထဲတွင် ပြီးခဲ့သည့် ၂၀၂၁၁ ခုနှစ်က စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းက ဒေသခံပြည်သူများ အပြင်၊ ကချင်နှင့် ရှမ်းမြောက်အစပ်က ဒေသခံပြည်သူများက ဘေးလွတ်ရာ နေရာများသို့ အသီးသီး တိမ်းရှောင် ခဲ့ကြရခြင်း ဖြစ်သည်။
Photo Crd ကူညီခဲ့သူတစ်ဦး