ထောင်အတွင်း လုံခြုံရေး အဖွဲ့များကို ခုခံကြသူများကို ထပ်တိုးထောင်ဒဏ်များ ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ပုသိမ်ထောင်တွင်း အဓိကရုဏ်းတွင် လုံခြုံရေး တပ်ဖွဲများအား ခုခံခဲ့ကြသည့် နိုင်/ကျဉ်း ၆၂ ဦးထဲမှ ၃၃ ဦးကို ထမ်မံခွဲထုတ်ပြီး ထပ်တိုး ထောင်ဒဏ် ၆ နှစ်စီ အမိန့်ချလိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက “အခု ၃၃ ယောက်က အဓိကရုဏ်းဖြစ်စဉ်နဲ့ ထပ်တိုးထောင်ဒဏ် ၉ နှစ် ပေါ့။ ကျန်တဲ့ ၂၉ ယောက်ကတော့ ထပ်တိုး ၃ နှစ်စီပေါ့လေ” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ် အကျဉ်းထောင်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် ပါဝင်ခဲ့ကြသည့် နိုင်/ကျဉ်း ၆၂ ဦးကို ထပ်တိုးထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီးနောက် ၎င်းတို့အထဲက ၃၃ ဦး ထပ် မံခွဲထုတ်ကာ ထပ်တိုးထောင်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်ဟု နိုင်/ကျဉ်း မိသားစုများနှင့် နီးစပ်သူအချို့က ပြော သည်။

ထို့အကြောင့် အဆိုပါ ၃၃ ဦးမှာ ယခင်ချပြီးသား ထောင်ဒဏ် ၆ နှစ်နှင့် ယခုထပ်တိုး ၃ နှစ်စီပေါင်းပါက ထောင် ဒဏ် ၉ နှစ် ချခံလိုက်ရခြင်း ဖြစ်သည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းက အဓိကရုဏ်းတွင်ပါဝင်ခဲ့သူများထဲမှ ၃၇ ဦးကို အဆောင်တွင်းမှ ခေါ်ထုတ် စစ်ဆေးခဲ့ပြီးနောက် ၃၃ ဦးကို ထမ်မံကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်ဝန်ထမ်းတစ်ဦး က ပြော သည်။

ဆက်လက်ပြီး “၁၆ ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၃၃ နဲ့ ၁၇ ယောက်ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၃၂ တရားစွဲခဲ့ပြီး ထပ်တိုးထောင်ဒဏ် ချလိုက်တာ” ဟု ပြောသည်။

အဓိကရုဏ်း ဖြစ်ပွားစဉ်က CCTV ကို ကြည့်ကာ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင် ဝန်ထမ်းများနှင့် ရဲ များကို နာကျင်ဒဏ်ရာများ၊ ပြင်းထန်ဒဏ်ရာများ ရရှိအောင် ခုခံခဲ့ကြသူများဖြစ်သည်ဟု စွပ်စွဲကာ ထပ်တိုး ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်ဟု နိုင်/ကျဉ်းမိသားစုမျာနှင့် နီးစပ်သူအချို့က ပြောသည်။

နိုင်/ကျဥ်း ၈ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ညက အဆောင်မှ ခေါ်ထုတ်နှိပ်စက်ခဲ့ပြီး နောက်နေ့ နံနက် တွင် တစ်ဦးပျောက်ဆုံးနေရာမှ ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ရာစု ကျဆုံးခဲ့ပြီး အခြားအကျဉ်းသား ၆၄ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဆက်လက်ပြီး ထောင်အာဏာပိုင်မျာမှ ထောင်ဝင်စာတွေ့ခွင့်ကို ၃ လခန့် ပိတ်သိမ်းထားခဲ့သည်။