တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၂၆ – ၈ – ၂၄ )
ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်ဘက်ကို မသွားလာကြဖို့ CDF-ဟားခါးက ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်တပ်မတော် MNDAA က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နိုင်ငံတကာ အဆင့်မီကျန်းမာရေးစနစ်ကို CDM ကျန်းမာရေး ဝန်ထမ်းအယောက် ၅၀၀ ဝန်းကျင်နဲ့ စပြီးအကောင်အထည်ဖော်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကယန်းအမျိုးသားပညာရေးကော်မတီကနေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကယန်းအမျိုးသားတက္ကသိုလ်ကို အောက်တိုဘာလထဲမှာ စတင်ဖွင့်လှစ် သင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။