စစ်ကောင်စီ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦး အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။  

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာနေသူ တစ်ဦးနှင့် ဆိပ်ဖူးကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကော့သောင်း (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခမောက်ကြီးမြို့နယ် ဆိပ်ဖူးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၄၀ အရွယ် ဦးလှနိုင် ကို ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်ခန့်တွင် ကျေးရွာ၏ လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း ထုတ်ပြန်သည်။

ကော့သောင်း ပကဖ တာဝန်ရှိသူက နှစ်ယောက်စလုံးက စစ်ကောင်စီရဲ့ အမာခံတွေပါပဲ၊ အုပ်ချုပ်ရေးမှူး လုပ် တဲ့သူကတော့ အဓိကပေါ့၊ ပကဖအဖွဲ့ထဲ ဝင်ရောပြီး သတင်းနိုက်တယ်၊ ပြီးတော့ စကစဆီ သတင်း ပြန်ပို့တယ် ဟု ပြောသည်။

အလားတူ အေးချမ်းသာကျေးရွာမှ ဦးမြင့်ရှိန်ဆိုသူကိုလည်း နေအိမ်၌ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကော့သောင်း – ပကဖ အဖွဲ့မှ ထုတ်ပြန်ထားသည်။

ဦးမြင့်ရှိန်သည် WY စိတ်ကြွမူးယစ်ဆေးဝါးရောင်းဝယ်နေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီသတင်းပေး ဖြစ်သူ ဦးမြင့်ရှိန်ကို ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုလုပ်ရပ်များကို မပြုလုပ်ရန်နှင့် နှစ်ဦးစလုံးဆီသို့ ဖုန်းဆက်သွယ်ကာ သတိပေးခြင်း၊ စာပို့သတိပေးခြင်းများနှင့်

လူချင်းပါ တွေ့ဆုံ၍ အကြိမ်ကြိမ် သတိပေးနေခဲ့သော်လည်း၊ လိုက်နာခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေသဖြင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း ကော့သောင်း – ပကဖ အဖွဲ့ တာဝန်ရှိသူက ပြေသည်။

ဦးမြင့်ရှိန်သည် စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး အာဏာသိမ်းပြီးသည့်နောက် အေးချမ်းသာကျေးရွာတွင် ဟန်ပြအဖြေင့် စျေးဆိုင်ဖွင့်ကာ ရောင်းချနေသူ ဖြစ်သည်။

အလားတူ ဦးမြင့်ရှိန်သည် မာရမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်တို့ကို ပေါင်းသင်း

ကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပြုလုပ်နေသူဖြစ်ကြောင်း ပကဖ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က မားရမ်းရဲစခန်းမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီး ကတည်းက  ဦးမြင့်ရှိန်သည် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၏ လှုပ်ရှားမှု အချက်အလက်များကို သတင်းပေး လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။ 

ကော့သောင်းခရိုင် အတွင်းရှိ ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူ များပြားနေသဖြင့် တိုင်ကြားလာပါက (သို့မဟုတ်) တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ကော့သောင်း ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။