ထိုင်းနှင့် ကမ္ဘောဒီးယား မလေးရှားတွင် တွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ထိုင်း နှင့် ကမ္ဘောဒီးယားတို့ ဆက်တိုက်နေကြမည် ဆိုပါက ကုန်သွယ်ခွန်များနှင့် ပတ်သက်၍ ဆွေးနွေးမည် မဟုတ်ကြောင်း ပြောခဲ့သည်။

ထိုသို့ ပြောလိုက်ပြီးနောက်  ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အပစ်ရပ်စဲရေးအတွက် ဇူလိုင်လ ၂၈ ရက်နေ့ (ယနေ့)တွင် မလေးရှား စံတော်ချိန် မွန်းလွှဲ ၃ နာရီတွင် မလေးရှားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။  

လေးရက်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ပြီးသည့်နောက် ဇူလိုင်လ ၂၈ ရက်နေ့ (ယနေ့) တနင်္လာနေ့တွင် တွေ့ဆုံမည့် တွေ့ဆုံပွဲကို ထိုင်းဘက်က ယာယီ ဝန်ကြီးချုပ် Phumtham Wechayachai က ခေါင်းဆောင်မည် ဖြစ်ပြီး ကမ္ဘောဒီးယား ဘက်က ဝန်ကြီးချုပ် ဟွမ် မာနက် Hum Manet က ဦးဆောင်မည်ဖြစ်သည်။ 

နယ်စပ် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကစ၍  အနည်းဆုံး စစ်သားနှင့်အရပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး နယ်စပ်ဒေသများက လူထု ၁ သိန်းကျော် ဘေးလွတ်ရာကို ရှောင်တိမ်း ခဲ့ရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် တယ်လီဖုန်း ဆက်သွယ် ပြောကြားပြီး နောက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယာ နှစ်နိုင်ငံလုံးက အပစ်အခတ် ရပ်စဲရန် သဘောတူသည်ဟု ပြောခဲ့သည်။

ကမ္ဘောဒီးယားက ချွင်းချက်မရှိ ချက်ချင်း အပစ်အခတ် ရပ်စဲရန် သဘောတူသည်ဟု ပြောခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် ဆွေးနွေးပြီးမှသာ အပစ်အခတ် ရပ်စဲရေးကို သဘောတူနိုင်မည်ဟု ပြောဆိုထားသည်။

လက်ရှိ ဖြစ်ပွားလာသည့် ပဋိပက္ခများကြောင့် ထိုင်းတွင် အလုပ်လုပ်နေကြသည့် ကမ္ဘောဒီးယား နိုင်ငံသား အလုပ်သမား ၁ သိန်းကျော်သည် ဇူလိုင်လ ၂၈ ရက်(ယနေ့)နှင့် ဇူလိုင်လ ၂၇ ရက်နေ့(ယမန်နေ့) တွင် နေရပ် ပြန်နေကြသည်။

#Thailand #Cambodia #ထိုင်း #ကမ္ဘောဒီးယား #တွေ့ဆုံ #မလေးရှားနိုင်ငံ