နတ်ရေကန် ဗျူဟာကုန်းတိုက်ပွဲ၌ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ အလင်းဝင်/လက်နက်ချမှုများ ရှိလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ရခိုင် – မကွေးအစပ်က စစ်ကော်မရှင်၏ နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်ချမှုများ ရှိနေသည်။

AA ၏ အောက်တိုဘာလ (၁၇) ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့သည် တိုက်ပွဲဒဏ်ကို မခံနိုင်တော့ဘဲ အလံဖြူထောင်ကာ လက်နက်ချ အလင်းဝင်ရောက်လာမှုများ ရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်သား အချို့ကိုလည်း AA က လက်ရ ဖမ်းဆီးရမိခဲ့သည်

လက်ရှိတွင် နတ်ရေကန် ဗျူဟာကုန်း ပတ်လည်၌ တိုက်ပွဲများ အရှိန်အဟုန် မကျဘဲ ဆက်လက်ဖြစ်ပွားနေပြီး၊ ဗျူဟာကုန်းမှ ကစဉ့်ကလျား ထွက်ပြေးနေကြရသည်။

အဆိုပါ စစ်ကော်မရှင် တပ်သားများအား AA မှ လိုက်လံ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲငယ်များလည်း ဆက် ဖြစ်နေကြောင်း AA က ဖော်ပြသည်။ 

စစ်ကော်မရှင်ဘက်မှ ဗျူဟာကုန်း မကျဆုံးရေးအတွက် လေကြောင်းပစ်ကူနှင့် စစ်ကူများကို အဆက်မပြတ် ပေးပို့နေသော်လည်း AA ဘက်မှ ခံစစ်နှင့် ထိုးစစ်ကို ပေါင်းစပ်၍ တိုက်ခိုက်နေဆဲ ဖြစ်သည်။

AA အနေဖြင့် အလင်းဝင်ရောက်လာသည့် စစ်ကော်မရှင် တပ်သားတိုင်းကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း အတိအလင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မတရား စစ်မှုထမ်းရန် စုဆောင်းခံထားရသူများ အနေဖြင့်လည်း AA ကို ဆက်သွယ်၍ အချိန်မရွေး လက်နက်ချ အလင်းဝင်နိုင်ကြောင်း အသိပေး တိုက်တွန်းထားသည်။