နမ္မတူ မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့သည် ယခုလအတွင်း စစ်ကော်မရှင်တပ်၏ ပြင်းထန် သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရပြီး၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ကြုံတွေ့ခဲ့ရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့၊ ညပိုင်းက နမ္မတူမြို့ပေါ်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးထပ်မံကြဲချခဲ့ ခြင်း ဖြစ်သည်။
ယခင်တိုက်ခိုက်မှုများတွင် ကလေးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး၊ နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က နမ္မတူမြို့ဘက်သို့ မြေပြင်ထိုးစစ်များပါ ဆင်နွှဲလာနေသဖြင့် ဒေသခံ ၅၀၀ ကျော်ခန့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသည်။
တိုက်ပွဲများကြောင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးများပါ ပြတ်တောက်နေသဖြင့် စစ်ဘေးရှောင်များ အတွက် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း အကူအညီပေးနေသူများက ပြော သည်။