TNLA ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၉ ဦး ကျဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
တအာင်းတပ် TNLA ထိန်းချုပ်နယ်မြေတွင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၄၉ ဦး သေဆုံးခဲ့သည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေများတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အရပ်သား ထိခိုက်သေဆုံးမှု စံချိန်တင် မြင့်တက် လာခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
TNLA ၏ စာရင်းအရ စုစုပေါင်း သံဃာတော်နှင့် ကလေးငယ်များအပါအဝင် အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး ၇၁ ဦး ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။
၎င်းတို့သည် စစ်ကော်မရှင်တပ်က အရပ်သားပစ်မှတ်များကို မတရားတိုက်ခိုက်နေမှု၏ အဆိုးရွားဆုံး သက်သေ များ အဖြစ် မြင်တွေ့ရသည်။
နောက်ဆုံး တိုက်ခိုက်မှုများအဖြစ် အောက်တိုဘာ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် နမ္မတူမြို့နယ်၊ မန်လီကျေးရွာနှင့် မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာတို့ တိုက်ခိုက်ခံခဲ့ရသည်။
နမ္မတူကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံး ၅ လုံး ကြဲချခဲ့ပြီး၊ မိုးမိတ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက “ဒီလအတွင်း နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို သူတို့ဒီ စစ်ကောင်စီ က အရှိန်မြှင့် လုပ် ဆောင်ခဲ့တယ်။ အရပ်သားတွေနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေ တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြနေပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
TNLA ၏ ထုတ်ပြန်ချက်အရ ဤတိုက်ခိုက်မှုများကြောင့် နေအိမ် ၁၇၃ လုံး၊ စာသင်ကျောင်း ၅ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၇ ကျောင်း တို့ ဗုံးစထိမှန် ပျက်စီးခဲ့ရပြီး ရွာသူရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
စစ်ကော်မရှင်ဘက်က TNLA ထိန်းချုပ်နယ်မြေများအား လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ ဤဒေသအတွင်း တော်လှန်ရေး အရှိန်အဟုန်ကို နှောင့်ယှက်ရန်နှင့် အရပ်သားများ အပေါ် ဖိအားပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။