SpaceX က ရုရှား၏ Starlink အသုံးပြုမှုကို တားဆီးခြင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။ 

Elon Musk ၏ SpaceX ကုမ္ပဏီသည် ရုရှားစစ်တပ်က Starlink အင်တာနက်စနစ်ကို ခွင့်ပြုချက်မရှိဘဲ ခိုးယူအသုံးပြုနေမှုကို နည်းပညာအရ အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ 

ယူကရိန်းစစ်တပ်သည် ဒရုန်းစစ်ဆင်ရေးနှင့် ဆက်သွယ်ရေးအတွက် Starlink ကို အဓိကအားထားနေရသဖြင့် ရုရှား၏ အသုံးပြုမှုကို ကန့်သတ်နိုင်ရန် SpaceX နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ပထမအဆင့်အဖြစ် ရုရှားဒရုန်းများကို တားဆီးရာတွင် သိသာထင်ရှားသည့် ရလဒ်များ ရနေပြီဟု ဆိုသည်။ 

SpaceX ကုမ္ပဏီက ၎င်းတို့အနေနဲ့ Starlink စက်တွေကို ရုရှားနိုင်ငံဆီ တိုက်ရိုက်ရောင်းချခြင်း မရှိသလို၊ ရုရှားအစိုးရ ဒါမှမဟုတ် စစ်တပ်နဲ့လည်း ဘယ်လိုစီးပွားရေးမျိုးမှ လုပ်ဆောင်ခြင်းမျိုး မရှိဘူးဟု ငြင်းဆိုထားသည်။