ပါကစ္စတန်က အာဖဂန်နစ္စတန် အတွင်း နေရာ ၇ ခုကို ဒရုန်းနှင့် တိုက်ခိုက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။ 

ပါကစ္စတန်စစ်တပ်သည် ဖေဖော်ဝါရီလ ၂၂ ရက် မနက်အစောပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ စစ်သွေးကြွစခန်းများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၇၀ ခန့်ကို ခြေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ 

ပါကစ္စတန်အစိုးရက ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုများသည် အာဖဂန်တာလီဘန်များ ကျောထောက်နောက်ခံပေးထားသည့် TTP နှင့် IS-K အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများရှိသည်ဟု ဆိုကာ လက်စားချေတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း တာလီဘန်အစိုးရကမူ ပါကစ္စတန်၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၈ ဦး သေဆုံးခဲ့ရပြီး မိသားစုဝင် ၂၃ ဦးရှိသော နေအိမ်တစ်လုံးတွင် ၅ ဦးသာ အသက်ရှင်ကျန်ရစ်သည့်ဖြစ်စဉ်မျိုး ရှိခဲ့ကြောင်း တုံ့ပြန်ခဲ့ပါသည်။

တာလီဘန်တို့က ဤလုပ်ရပ်သည် အချုပ်အခြာအာဏာ ကျူးကျော်မှုဖြစ်ပြီး သင့်တော်သလို ပြန်လည်တုံ့ပြန်သွားမည်ဟု သတိပေးထားသဖြင့် နယ်စပ်တင်းမာမှုများ မြင့်တက်လျက်ရှိပါသည်။