Fullbright ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း ရန်ကုန် သံရုံးကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ကမ္ဘာ့အထင်ကရ Fulbright Foreign Student Program (မဟာဘွဲ့ ပညာသင်ဆု) ကို မြန်မာကျောင်းသားများနှင့် ပညာရှင်များအတွက် ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါပညာသင်ဆုသည် ဆေးပညာလက်တွေ့ကုသမှုမှလွဲ၍ ကျန်ဘာသာရပ်များအတွက် ကျောင်းလခ၊ နေထိုင်စားစရိတ်၊ လေယာဉ်လက်မှတ်နှင့် ကျန်းမာရေးအာမခံစရိတ်အားလုံးကို အပြည့်အဝ ထောက်ပံ့ပေးမည် ဖြစ်သည်။
လျှောက်ထားသူများသည် အနည်းဆုံး ဘွဲ့တစ်ခုရရှိထားသည့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး၊ TOEFL သို့မဟုတ် IELTS ရမှတ် ကောင်းမွန်ရမည့်အပြင် လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိသူများကို ဦးစားပေးမည်ဖြစ်သည်။
လျှောက်လွှာများကို မေလ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ပညာသင်ယူပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုရန် ခံဝန်လက်မှတ် ထိုးရမည် ဖြစ်ပါသည်။