အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးကို အီရန် သေဒဏ် စီရင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆  ခုနှစ်၊ မတ်လ ၂၀ ရက်။ 

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံထားရသူများအနက် ဆယ်ကျော်သက် လူငယ်တစ်ဦးအပါအဝင် အမျိုးသား သုံးဦးကို အီရန်အာဏာပိုင်များက ပထမဆုံးအကြိမ်အဖြစ် ကွပ်မျက်လိုက်သည်။ 

ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ရဲအရာရှိများကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူ အမျိုးသား သုံးဦးကို အီရန်အာဏာပိုင်များက ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကွပ်မျက်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။ 

ယခု အရေးယူမှုမှာ အဆိုပါဆန္ဒပြပွဲများနှင့် ဆက်နွှယ်၍ ပထမဆုံးအကြိမ်အဖြစ် သေဒဏ်စီရင်ခြင်း ဖြစ်သည်။

ကွပ်မျက်ခံရသူ သုံးဦးထဲတွင် အီရန်အမျိုးသား နပန်းအသင်းဝင် လူငယ်တစ်ဦးဖြစ်သူ ဆာလေး မိုဟာမက်ဒီ (Saleh Mohammadi) အပါအဝင် မယ်ဒီ ဂါစီမီ (Mehdi Ghasemi) နှင့် ဆာအိဒ် ဒါဗူဒီ (Saeed Davoudi) တို့ ပါဝင်သည်။ 

၎င်းတို့အား ကွန်မ် (Qom) ပြည်နယ်တွင် ရဲအရာရှိ နှစ်ဦးကို သတ်ဖြတ်မှု၊ “ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်မှု ” စသည့် ပြစ်ချက်များဖြင့် အီရန်တရားရုံးချုပ်က သေဒဏ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ အဆိုပါ အမျိုးသား သုံးဦးသည် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ပြစ်မှုကို ဝန်ခံခဲ့ခြင်းဖြစ်ပြီး တရားမျှတသည့် စစ်ဆေးစီရင်မှု မရရှိခဲ့ဘဲ ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အီရန်ငွေကြေးတန်ဖိုး ကျဆင်းမှုနှင့် လူနေမှုစရိတ် မြင့်မားလာမှုကြောင့် ဒီဇင်ဘာလတွင် စတင်ခဲ့သည့် ဆန္ဒပြပွဲများသည် နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၈၀ ခန့်သို့ လျင်မြန်စွာ ကူးစက်ခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တောင်းဆိုချက်များအထိ ကျယ်ပြန့်လာခဲ့သည်။ 

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (Hrana) ၏ အဆိုအရ ဇန်နဝါရီလ နှိမ်နင်းမှုအတွင်း ကလေးငယ် ၂၃၆ ဦး အပါအဝင် လူပေါင်း ၇,၀၀၀ ခန့် သေဆုံးခဲ့သည်။ 

အီရန်နိုင်ငံသားနှင့် ဆွီဒင်နိုင်ငံသား နှစ်နိုင်ငံသားအဖြစ် ခံယူထားသူ ကုရုရှ် ကေဗာနီ (Kouroush Keyvani) ကို နောက်တရက်တွင် အစ္စရေးအတွက် သူလျှိုလုပ်မှုဖြင့် မကွပ်မျက်မီတွင် ယခုစီရင်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက အဆိုပါ စီရင်မှုသည် တရားဥပဒေကြောင်းအရ ခိုင်လုံမှုရှိမရှိကြောင်း  လုံခြုံမှုမရှိကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆန္ဒပြသူများကို ကွပ်မျက်ပါက ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်မည်ဟု သတိပေးခဲ့သော်လည်း အီရန်ဘက်က ငြင်းဆိုခဲ့သည်။