သမ္မတ ဒေါ်နယ်ထရန့်အား အမေရိကန် ပြည်သူ သန်းနှင့်ချီ ဆန္ဒပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်။
အမေရိကန်ပြည်ထောင်စုအတွင်း၌ သမ္မတ ဒေါ်နယ်ထရန့်ကို မကျေနပ်ကြသည့် ပြည်သူသန်းပေါင်းများစွာသည် မတ်လ ၂၈ ရက်နေ့တွင် “No Kings” အမည်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါသည်။
သမ္မတ ဒေါ်နယ်ထရန့်၏ မူဝါဒများနှင့် အီရန်စစ်ပွဲကြောင့် မြင့်တက်လာသော လူနေမှုစရိတ်၊ လောင်စာဆီစျေးနှုန်းများကို မကျေနပ်ကြခြင်း ဖြစ်ပါသည်။
လော့စ်အိန်ဂျလိစ်နှင့် နယူးယောက်ကဲ့သို့သော မြို့ကြီးများတွင် လူအုပ်ကြီးက တခဲနက် ပါဝင်ခဲ့ကြပြီး ယင်းသည် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် အကြီးဆုံးဆန္ဒပြပွဲ ဖြစ်လာခဲ့ပါသည်။
အဆိုပါ ဆန္ဒပြပွဲများတွင် ပါဝင်ကြသူများမှာ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို ဆန့်ကျင်ရန်နှင့် အဆမတန် မြင့်တက်လာသော စားဝတ်နေရေးစရိတ်များကို ကန့်ကွက်ရန်အတွက် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ပါသည်။
မင်နီဆိုတာပြည်နယ်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင်မူ ထင်ရှားသော ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များ ပါဝင်အားဖြည့်ခဲ့ကြပြီး နာမည်ကျော် အဆိုတော် Bruce Springsteen လည်း ပါဝင်ခဲ့ပါသည်။ ဆန္ဒပြသူများသည် အစိုးရ၏ နိုင်ငံခြားရေးနှင့် စီးပွားရေးမူဝါဒများအပေါ် ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့ကြပါသည်။