ရုရှားသမ္မတ ပူတင်က အီရန်ကို ထောက်ခံကြောင်း ကတိပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရပ်ချီနှင့် တွေ့ဆုံစဉ် အမေရိကန်နှင့် အစ္စရေးတို့၏ ဖိအားပေးမှုများကြား၌ အချုပ်အခြာအာဏာကို ကာကွယ်နေသည့် အီရန်ပြည်သူများ၏ သတ္တိကို ချီးကျူးစကား ပြောကြားခဲ့သည်။
သမ္မတပူတင်က ရုရှားအနေဖြင့် အီရန်၏ အကျိုးစီးပွားနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
အီရန်၏ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ထံသို့လည်း ရုရှားသည် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားမည့်အကြောင်း သတင်းစကား ပါးခဲ့သည်။
အရှေ့အလယ်ပိုင်း တင်းမာမှုများ လျှော့ချရန် အီရန်၏ သန့်စင်ပြီး ယူရေနီယံများကို ရုရှားတွင် လာရောက်သိုလှောင်ရန် ကမ်းလှမ်းချက်အပေါ် အမေရိကန်ဘက်က ပယ်ချထားခဲ့သည်။
ရုရှားသည် နှစ်ဖက်ကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးရန် ဆက်လက်ကြိုးပမ်းနေသည်ဟု ဆိုသည်။