၂၀၂၆ ကမ္ဘာ့ ဖလား သီချင်း အဖြစ် FIFA က ရှာကီရာ ရဲ့ Dai Dai (We’re Ready!)ကို ရွေးချယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်။
၂၀၂၆ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တရားဝင်သီချင်းဟာ Shakira (ရှာကီရာ) သီဆိုထားတဲ့ “Dai Dai” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။
ကိုလံဘီယာအဆိုတော် ရှာကီရာဟာ FIFA နဲ့ ၂၀၀၆ ခုနှစ် ဂျာမနီကမ္ဘာ့ဖလားကတည်းက စတင်လက်တွဲခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက ပိတ်ပွဲအခမ်းအနားမှာ သူမရဲ့ နာမည်ကြီး “Hips Don’t Lie” သီချင်းနဲ့ ဖျော်ဖြေခဲ့တာပါ။
အဲ့ဒီနောက် ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံးဖြစ်တဲ့ “Waka Waka (This Time for Africa)” သီချင်းကို သီဆိုခဲ့ပါတယ်။
အခုအခါမှာတော့ သူမဟာ နိုင်ဂျီးရီးယားကြယ်ပွင့် Burna Boy နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် တရားဝင်သီချင်းကို ပူးပေါင်းဖန်တီးလိုက်ပါပြီ။
လာမယ့်အပတ်မှာ သီချင်းအပြည့်အစုံကို ဖြန့်ချိမှာဖြစ်ပြီး သောကြာနေ့မှာတော့ ဆိုရှယ်မီဒီယာမှာ အမြည်း (Teaser) ဗီဒီယိုလေး တင်ခဲ့ပါတယ်။
လင့်ခ်ကနေ တဆင့် အမြည်း လေးကို နားထောင်နိုင်ပါတယ်။