ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အီရန်အပေါ် UAE က ကုန်သွယ်ရေး ပိတ်ဆို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။ 

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က ၎င်း၏ အမျိုးသား လုံခြုံရေးနှင့် ပင်လယ်ရေကြောင်း သွားလာရေးကို ခြိမ်းခြောက်သည့် အီရန်နိုင်ငံ၏ ဒုံးကျည် တိုက်ခိုက်မှုများကို အကြောင်းပြု၍ အီရန်အပေါ် အကန့်အသတ်မရှိ စီးပွားရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများ စတင်လိုက်ကြောင်း UAE နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

UAE ဘက်က အီရန်ဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည် နှစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အီရန်နှင့် ပြုလုပ်နေသည့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေး ဆက်သွယ်ဆောင်ရွက်မှု အားလုံးကို နောက်ထပ် အကြောင်းမပြန်မီအထိ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယင်းစွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်းနှင့် အမေရိကန်-အစ္စရေး စစ်ပွဲအတွင်း ပရိယာယ်ဆင် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

UAE သည် အီရန်နိုင်ငံ လိုအပ်သည့် သွင်းကုန်များ၏ သုံးပုံတစ်ပုံခန့်ကို ပံ့ပိုးပေးနေသော အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်သည့်အပြင် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများကို ရှောင်လွှဲရာ အဓိက ဘဏ္ဍာရေး လမ်းကြောင်းလည်း ဖြစ်သည့်အတွက် ယခု ပိတ်ဆို့မှုသည် အီရန် စီးပွားရေးအပေါ် ပြင်းထန်သော ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေး သုံးသပ်သူများက ထောက်ပြကြသည်။

Photo:AFP