အီရန်-အမေရိကန် ဆက်ဆွေးနွေးရန်နှင့် ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် တရုတ်တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

အရှေ့အလယ်ပိုင်း တင်းမာမှုများ လျော့ပါးစေရေးအတွက် အီရန်နှင့် အမေရိကန်တို့အနေဖြင့် စိတ်အေးအေးထားကာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် ဇွန်လက ရရှိခဲ့သည့် ယာယီငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က တိုက်တွန်းလိုက်သည်။

ဘေဂျင်းမြို့သို့ ရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီ (Abbas Araqchi) နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့စွမ်းအင် သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးအတွက် ဟော်မုဇ် (Hormuz) ရေလက်ကြားကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုခဲ့ပြီးသည်။

လက်ရှိ ပဋိပက္ခသည် ယီမင်နှင့် ပင်လယ်နီ ဒေသများသို့ ဆက်လက် ကူးစက်ကျယ်ပြန့်သွားမည်ကို မလိုလားကြောင်း အသိပေးခဲ့သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိ လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။

Photo:Reuters