ဆွီဒင်ရွေးကောက်ပွဲ ရလဒ် မြန်မာ့ဒီမိုကရေစီရေးအတွက် အလားအလာကောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

ဆွီဒင်နိုင်ငံ ရွေးကောက်ပွဲ၌ လက်ယာစွန်းပါတီဖြစ်သော Sweden Democrats (SD) ထောက်ခံမှု ကျဆင်းခဲ့ပြီး ဗဟိုလက်ဝဲ ပါတီများ အနိုင်ရရှိခဲ့သည်။  

ယင်းသည် ဆွီဒင်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီမှုများ လျော့ကျမသွားစေရန် အပြုသဘောဆောင်သည့် သက်ရောက်မှုများ ရှိလာမည်ဟု မြန်မာ့အရေး လေ့လာသူများက သုံးသပ်သည်။

ဆွီဒင်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Sida) မှတစ်ဆင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီရေးရာ လှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လွတ်လပ်သော သတင်းမီဒီယာများနှင့် နယ်စပ်ဒေသ စစ်ဘေးရှောင်များအား အဓိက ဘဏ္ဍာရေး ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။

ယခုကဲ့သို့ လက်ယာစွန်း SD ပါတီ၏ မဲဆန္ဒ ထောက်ခံမှု လျော့ကျသွားခြင်းကြောင့် မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့ရေး ဘတ်ဂျက်များ ဖြတ်တောက်ခံရမည်ဆိုသည့် စိုးရိမ်ချက်များ ပြေလော့သွားခဲ့သည်။

Photo:AFP