Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • English News
  • NMG အကြောင်း
  • Contact

တိုင်းရင်းသားခေါင်းဆောင်များ မိုင်ဂျာယန် ရောက်ရှိ

  • July 24, 2016
တိုင်းရင်းသားခေါင်းဆောင်များ မိုင်ဂျာယန် သို့ စတင်ရောက်ရှိ
မိုင်ဂျာယန်အစည်းအဝေးသို့ တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ် တချိုု့ စတင်ရောက်ရှိ

တနင်္လာနေ့ ည ရုပ်သံသတင်း (၅-၅-၂၅)

တနင်္လာနေ့ ည ရုပ်သံသတင်း (၅-၅-၂၅)

ဒီနေ့ အစီအစဉ်ထဲမှာတော့ … TNLA သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့ ဘယ်သူတွေက ဖိအား ပေးနေတာလဲ။ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်က စစ်ရေး အခြေအနေတွေ။        ရုရှားရဲ့ မဟာအောင်ပွဲနေ့ အခမ်းအနားကို ဘယ်သူတွေ တက်မှာလဲ။  မလေးကျားက ထိုင်းနယ်စပ်မှာ ဘာလို့ ရောက်နေတာလဲ ဆိုတာတွေကို တင်ဆက်ထားပါတယ်။

×Close

News

  • ပလက်ဝ စစ်ရှောင်များ ဆေးဝါးအပါအဝင် ကျန်းမာရေး ထောက်ပံ့မှုများ လိုအပ်
    IDPs Face Severe Medicine Shortages in Paletwa Township — November 7, 2024 3:02 pm
  • ပင်လောင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ
    1,000 Displaced Need Urgent Aid in Pinlaung Township, Shan State — October 30, 2024 1:52 pm
  • ပအိုဝ်းပြည်သူ့စစ်က ရွာသားများကို ရွာပြင်ထွက်ခွင့်ပိတ်
    Junta-Aligned Pa-O Militia Bans Residents from Leaving Villages — October 29, 2024 2:23 pm

Recent Posts

  • Pink Card အစီအစဉ်အတွက် စာရင်းသွင်းပုံစံ၊ ဆောင်ရွက်မည့်နေရာနှင့် သတိပြုရန် လမ်းညွှန်ချက်များ

  • မွန်နှင့် တနင်္သာရီ လေကြောင်းတိုက်ခိုက်မှု ကလေးများအပါအဝင် ၅ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ


  • မိုးမိတ်၊ ဝဲဘောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးအပါ အရပ်သား ၈ ဦး သေဆုံး
  • အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ဆူနာမီသတိပေးချက် ထုတ်ပြန် 
  • ထိုင်းတွင် Pink Card လျှောက်လွှာတင်ရန် အောက်တိုဘာ ၁၅ ရက်နေ့တွင် စမည်

Archives

Related Posts

Pink Card အစီအစဉ်အတွက် စာရင်းသွင်းပုံစံ၊ ဆောင်ရွက်မည့်နေရာနှင့် သတိပြုရန် လမ်းညွှန်ချက်များ

 သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် Pink Card (ပန်းရောင်ကတ်) ပြုလုပ်ပေးမည့် အထူးအစီအစဉ်ကို ယခုရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်ပါသည်။ ယခင်နေ့က စတင်စာရင်းပေးသွင်းမည့်ရက်နှင့် ကုန်ကျစရိတ်များအကြောင်းကို တင်ပြခဲ့ပြီးနောက်၊ ယနေ့တွင် မည်သို့စာရင်းသွင်းရမည် နှင့် မည်သည့်နေရာများတွင် ဆောင်ရွက်ပေးမည် ဆိုသည့် အရေးကြီး လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါသည်။ Pink Card လျှောက်ထားရန် စာရင်းပေးသွင်းနည်း (၂) မျိုး Pink Card လျှောက်ထားလိုသူများသည် အဓိကအားဖြင့် နည်းလမ်းနှစ်မျိုးဖြင့် စတင် စာရင်းပေးသွင်းရမည် ဖြစ်သည်။ ၁။ အလုပ်ရှင်မှ ကိုယ်စားပြု အစုလိုက် စာရင်းသွင်းခြင်း အလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်ရှင်များမှ တစ်ဆင့် စာရင်းပေးသွင်းခြင်းသည် အလွယ်ကူဆုံးနည်းလမ်း ဖြစ်သည်။ အလုပ်ရှင်များသည် ၎င်းတို့၏ ဝန်ထမ်းများ၊ အလုပ်သမားများကို ကိုယ်စားပြု၍ ထိုင်း အလုပ်သမားဝန်ကြီးဌာန (သို့မဟုတ်) သတ်မှတ်ထားသော ဌာနဆိုင်ရာရုံးများ တွင် စာရင်းပေးသွင်းပေးရမည် ဖြစ်သည်။ ၂။ အွန်လိုင်းမှတစ်ဆင့် စာရင်းကြိုသွင်းခြင်း နောက်တစ်နည်းမှာ အလုပ်သမားများအနေဖြင့် သတ်မှတ်ထား သော အွန်လိုင်း ပလက်ဖောင်း သို့မဟုတ် ဖုန်းနံပါတ်များ မှတစ်ဆင့် မိမိတို့၏ အချက်အလက်များကို တင်ပြကာ စာရင်းကြိုသွင်းခြင်း စနစ် ဖြစ်သည်။ သို့သော် ဤနည်းလမ်းကို အသုံးပြုရာတွင် အလုပ်သမားများအနေဖြင့် နည်းပညာဆိုင်ရာ အခက်အခဲများ (စမတ်ဖုန်းနှင့် အင်တာနက် အသုံးပြုမှု) နှင့် ဘာသာစကား အခက်အခဲ များ ရှိနိုင်သည်ကို သတိပြုသင့်သည်။ Pink Card ဝန်ဆောင်မှု ဆောင်ရွက်ပေးမည့် နေရာများ Pink Card ပြုလုပ်ခြင်း လုပ်ငန်းစဉ်များကို အဓိကအားဖြင့် နေရာနှစ်မျိုးခွဲ၍ ဆောင်ရွက်ပေးသွားမည်သည်။ ၁။ အစိုးရဌာနဆိုင်ရာရုံးများ ထိုင်းနိုင်ငံရှိ လဝကရုံး (လူဝင်မှုကြီးကြပ်ရေးရုံး) သို့မဟုတ် ခရိုင်အုပ်ချုပ်ရေးရုံးများ တွင် သတ်မှတ်ထားသော ရက်များအတွင်း Pink Card လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ ၂။ One Stop Service (OSS) စင်တာများ အလုပ်သမား အရေအတွက် များပြားသော ပြည်နယ်များတွင်မူ "တစ်နေရာတည်း ဝန်ဆောင်မှုစင်တာ" (OSS) များကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။ ဤစင်တာများတွင် Pink Card လျှောက်လွှာတင်သွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပြုလုပ်ခြင်း တို့ကို အလုပ်သမားများ အချိန်မကုန်ဘဲ အပြီးစီး ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည်။ အရေးကြီးသည့် သတိပေးချက် Pink Card လုပ်ငန်းစဉ်အတွက် အချိန်ကန့်သတ်ချက် သတ်မှတ်ထားခြင်းကြောင့် အလုပ်သမားများအနေဖြင့် သတ်မှတ်ရက် မကုန်ဆုံးမီ စောစီးစွာ စာရင်းပေးသွင်းရန် အထူးလိုအပ်ပါသည်။

Pink Card အစီအစဉ်အတွက် စာရင်းသွင်းပုံစံ၊ ဆောင်ရွက်မည့်နေရာနှင့် သတိပြုရန် လမ်းညွှန်ချက်များ


  • October 11, 2025

အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ဆူနာမီသတိပေးချက် ထုတ်ပြန် 

  • October 10, 2025

လေးကေကော်တွင် တိုက်ပွဲ ပြင်းထန်၊ KNLA ပူးပေါင်းတပ်က နေရာအချို့မှ ယာယီဆုတ် 

  • October 9, 2025
မွန်နှင့် တနင်္သာရီ လေကြောင်းတိုက်ခိုက်မှု ကလေးများအပါအဝင် ၅ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မွန်ပြည်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အရပ်သားကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ ထိုသို့ ရက်စက်သော တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရ ခဲ့ရပြီး၊ ရာနှင့်ချီသော ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကေအဲန်ယူ (KNU) တပ်မဟာ (၁) နယ်မြေဖြစ်သည့် မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ကျေးရွာ သည် အောက်တိုဘာ ၉ ရက်နေ့၊ ည ၈ နာရီ ဝန်းကျင် အချိန်တွင် စစ်ကော်မရှင်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် အရပ်သားပစ်မှတ်ကို တိုက်ရိုက် ပစ်မှတ်ထားခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၅ ဦးအထိ သေဆုံးခဲ့ပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက အတည်ပြုပြောဆိုသည်။ နောက်တစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၀ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းတွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက တကူကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ အဆိုပါ ဗုံးသည် ကျေးရွာထဲသို့ တိုက်ရိုက်ကျရောက်ခဲ့ရာ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။ ထို့ပြင် တကူကျေးရွာရှိ မီးသတ်ရုံး အဆောက်အအုံလည်း ဗုံးထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့သည်။ ယခုကဲ့သို့ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက် ခိုက်မှုများကြောင့် တနင်္သာရီနှင့် ထားဝယ်မြို့နယ်ထဲရှိ ကျေးရွာပေါင်းများစွာမှ ရာနှင့်ချီသော ဒေသခံ ပြည်သူများ သည် မိမိတို့၏ နေအိမ်များမှ စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင်များ အနေဖြင့် အရေးပေါ် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အပါအဝင် အခြေခံ လူသား ချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း အကူအညီပေးနေသူများက ပြောသည်။

မွန်နှင့် တနင်္သာရီ လေကြောင်းတိုက်ခိုက်မှု ကလေးများအပါအဝင် ၅ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ



  • October 11, 2025

ထိုင်းတွင် Pink Card လျှောက်လွှာတင်ရန် အောက်တိုဘာ ၁၅ ရက်နေ့တွင် စမည်

  • October 9, 2025

မင်းတပ် စာသင်ကျောင်း ဗုံးကြဲခံရ၊ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံး

  • October 9, 2025
မိုးမိတ်၊ ဝဲဘောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးအပါ အရပ်သား ၈ ဦး သေဆုံး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်၊ ဝဲဘောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၈ ဦး ထိမှန် သေဆုံးခဲ့သည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုထဲ ကလေး အပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံ အမျိုးသားတစ်သီးက “Airstrike ဖြစ်သွားတယ်။ မိုးမိတ်ဘက်မှာ။ ကိုသိန်းနိုင်အိမ်မှာ ၃ ယောက်၊ ဦးစိုးမြင့်အိမ်မှာ ၂ ယောက်၊ ဒေါ်ခင်မာရီ အိမ်က တစ်ယောက်၊ ဦးသိန်းဇော်အိမ်က တစ်ယောက်၊ နောက်ပြီး တခြားအိမ်က တစ်ယောက်လည်းပါတယ်။ ဒဏ်ရာရတာလည်း များတယ်။ အဲ့ဒီထဲမှာ ကလေးတစ်ယောက်က တော့ အသက်အန္တရာယ်က လွှတ်သွားတယ်။ ဒါပေမယ့် ခြေထောက်ဖြတ်ရမယ့် အခြေအနေမျိုးပေါ့နော်။ ထိသွားတာက တော်တော်ဆိုးတယ်” ဟု ပြောသည်။ အဆိုပါ တိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေအိမ်များကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး၊ ပေါင်း ၂၅၀ ဗုံးတို့ဖြင့် အောက်တိုဘာလ ၉ ရက်နေ့၊ ညနေ ၆ နာရီကျော် အချိန်ခန့်တွင် ကြဲခဲ့ခြင်း ဖြစ်သည်။ အသက် ၃ နှစ်အရွယ် အပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦး ရှိခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။ ဒဏ်ရာရသူများထဲတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး၊ ၎င်းမှာ ခြေထောက်တစ်ဖက် ဆုံးရှုံးသည်အထိ ဒဏ်ရာပြင်းထန်ခဲ့သည်။ လေကြောင်းမှ ဗုံးကြဲမှုထဲ ဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာရှိ နေအိမ် ၇ လုံး ထိမှန် ပျက်စီးဆုံးရှုံးခဲ့သည်။ စစ်ကော်မရှင်တပ်သည် ဝဲဘောင်ကျေးရွာကို ဗုံးကြဲပြီးနောက် တစ်ညတည်းမှာပင် တောင်အင်တိုင်းဒေသ ဘက်သို့ ဗုံး ၂ လုံး ထပ်မံ ကြဲချခဲ့ကြောင်း မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။ အောင်တအင်တိုင်းဒေသ လေကြောင်းတိုက်ခိုက်ခံရမှုထဲ ထိခိုက်သေဆုံးမှုများ မရှိခဲ့သော်လည်း၊ ယခုဖြစ်စဉ် သည် စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ၏ နေထိုင်ရာ နေရာများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည်ကို ထင်ရှားစေသည်ဟု ဆိုကြသည်။ မိုးမိတ်မြို့နယ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ကျောင်းသားတပ် ABSDF နှင့် တအာင်းတပ် TNLA မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ရေးပြင်းထန်ခဲ့ပြီးနောက်ပိုင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပစ်မှတ်ထားခံရသည့် နယ်မြေတစ်ခုဖြစ်သည်။ လက်ရှိဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲမရှိသည့် အရပ်သား နေထိုင်ရာ နေရာကို တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်ပြီး၊ စစ်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများတွင် အရပ်သားများ အပေါ် လေကြောင်းဖြင့် ဖိအားပေး အကြမ်းဖက်သည့် စစ်ရေးဗျူဟာကို ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

မိုးမိတ်၊ ဝဲဘောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးအပါ အရပ်သား ၈ ဦး သေဆုံး

  • October 10, 2025

ဝိုင်းမော်နှင့် ဗန်းမော်တွင် တိုက်ပွဲပြင်းထန်၊ KIA နှင့် ပူးပေါင်းတပ်က တပ်စခန်းအချို့ ပြန်သိမ်း



  • October 9, 2025

ဒဏ်ရာရ ကျားသစ်ကို မြစ်ရေထဲမှာ ကယ်ဆယ်

  • October 9, 2025
×Close