တနင်္သာရီတိုင်းအတွင်း သုခ တပ်စခန်းကို KNU သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။

ထိုင်း-မြန်မာနယ်စပ် မျဉ်းပေါ်ရှိ စစ်ကောင်စီတပ်၏ သုခတပ်စခန်းကို KNU က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

အဆိုပါ တပ်စခန်းသည် KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်တွင် တည်ရှိပြီး ဇူလိုင်လ ၇ ရက်နေ့ (ယမန်နေ့) က သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် က ဇူလိုင်လ ၈ ရက်(ယနေ့)တွင် ထုတ်ပြန်သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခတပ်စခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော်  KNLA တပ်ရင်း ၁၀ နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။

KNU က သိမ်းပိုက်လိုက်သည့် သုခတပ်စခန်းတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် တပ်စွဲထားပြီး လက်ရှိတွင် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည်ဟု KNU က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်က ၎င်းတို့၏ ဌာနချုပ်ဟောင်းဖြစ်သော စစ်ကောင်စီတပ်၏ ထီးခီး၊ထီးထာ ဗျူဟာတပ်စခန်း၊ အမိုနယ်စပ်တပ်စခန်းနှင့် သုခတပ်စခန်းတို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

Photo – KNU