ထိုင်း- ကမ္ဘောဒီးယားနယ်စပ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား (၁၀:၃၀ update)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ (ယနေ့) တွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည်။
ဇူလိုင်လ ၂၅ ရက်နေ့ (ယနေ့နံနက်) တွင် ကမ္ဘောဒီးယား ၂၄ ဦး သေဆုံးသွားခဲ့သည်ဟု ထိုင်းသတင်းဌာနဖြစ်သည့် Khaosod သတင်းဌာနက ထိုင်း ထောက်လှမ်းရေးကို ကိုးကားပြီး ဖော်ပြသည်။
ထို့အပြင် ကမ္ဘောဒီးယား၏ ၁၀၀ မီလီမီတာ အမြောက် သုံးခုနှင့် တင့်ကား ၂ စီးကို လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု ထိုင်း အမှတ် ၂ တပ်မတော်ကို ကိုးကား ဖော်ပြထားသည်။
ယနေ့ နံနက်စောစောတွင် Ta Muen Thom ဘုရားနားတွင် ကမ္ဘောဒီးယားက လူ ၉ ဦးသေဆုံးခဲ့ပြီး ထိုသူများမှာ ကမ္ဘောဒီးယား စစ်သား ၄ ဦး၊ အရပ်သား ၃ ဦးနှင့် ဘုန်းတော်ကြီး ၁ ပါး ပါဝင်သည်ဟု ထိုင်း အမှတ် ၂ တပ်မတော် လုံခြုံရေး တပ်ဖွဲ့များက ပြောသည်။
ဆက်သွယ်ရေးနှင့် လက်နက် သိုလှောင်ရုံ ရှိသည့် Khao Makuea တောင်ထိပ်ကို ထိုင်းဘက်က ဒရုန်းများနှင့် တိုက်ခိုက်ခဲ့ရာ ကမ္ဘောဒီးယား စစ်သား ၁၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ကမ္ဘောဒီးယား တပ်မ ၈၊ တပ်မ ၉ နဲ့ တပ်မ ၄၂ ဌာနချုပ်စခန်းတွေကို လေယာဉ်များဖြင့်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။ ထိုင်းဘက်က Satta Som ဆိုသည့် နေရာ၏ တဖက် နယ်စပ်အတွင်းဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
#ထိုင်း #ကမ္ဘောဒီးယား #နယ်စပ်