ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်များကို အလုပ် လုပ်ခွင့်ပေးရေး ထိုင်းအစိုးရက မူအားဖြင့် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရက မူအားဖြင့် သဘောတူလိုက်သည်။
မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက တရားဝင် လုပ်ကိုင်ခွင့်ပြုမည်ဟု ထုတ်ဖော်ပြောဆိုလာကြောင်း ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
ထိုင်း – မြန်မာနယ်စပ်က ဒုက္ခသည်စခန်း များတွင် နေထိုင်ကြသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံထဲတွင် အလုပ် လုပ်ခွင့်ပြုရေး ဆွေးနွေးမှုနေမှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရက မူအားဖြင့် လက်ခံသဘောတူလိုက် ခြင်း ဖြစ်သည်။
သို့သော် အသေးစိတ်အခြေအနေကိုမူ မသိရသေးသလို ဒုက္ခသည်စခန်းများကိုလည်း တရားဝင် အကြောင်း ကြားလာခြင်းမျိုး မရှိသေးဘူးဟု မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်အချို့က ပြောသည်။
ယခုကဲ့သို့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည့် မြန်မာဒုက္ခသည်များကို စခန်းအပြင် ထွက်ပြီး တရားဝင် အလုပ်လုပ်ခွင့်ပြုမည် ဆိုသည့်အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ (UNHCR)က ကြိုဆိုလိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်မှာ ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး ဒုက္ခသည်များကို ထောက်ပံ့ပေး ရုံသာမက ဒေသတွင်း စီးပွားရေးကိုပါ အကျိုးပြုစေမည်ဟု ထိုင်းနိုင်ငံရှိ UNHCR ကိုယ်စားလှယ် က ဆိုသည်။
ဇူလိုင်လကုန်မှ စတင်၍ စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းခံလိုက်ရသည့်အတွက် မြန်မာဒုက္ခသည်များမှာ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး စုစုပေါင်း လူဦးရေ ၁၀၇,၅၀၀ ကျော်ရှိသည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် နယ်စပ် အကူအညီပေးရေး ညွှန့်ပေါင်းအဖွဲ့ TBC ၏ စာရင်းများ အရ သိရသည်။