မောင်တော ARSA တိုက်ခိုက်မှုတွင် အရပ်သား ၂ ဦး သေဆုံး၊ မိခင်အလောင်းဘေး သမီးငယ်ကို တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်၌ အစ္စလာမ်မစ် အစွန်းရောက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး၊ ထိတ်လန့်ဖွယ်ရာအဖြစ် မိခင်၏ အလောင်းဘေးတွင် ၃ နှစ် သမီးငယ် လေးကို အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက မောင်တောမြို့နယ်ထဲတွင် စားသောက်ကုန် ဝယ်ယူပြီး ပြန်လာ သော ခရီးသည်တင်ယာဉ်တစ်စီးသည် မြိုယုရွာအရှေ့ဘက် တံတားနားတွင် ARSA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ သည်။
ခရီးသည်များနှင့် ကားသမားကို ဖမ်းခေါ်သွားခဲ့ပြီးနောက် အာရက္ခတပ်တော် (AA) က လိုက်လံရှာဖွေခဲ့သည်။
AA ၏ ရှာဖွေမှုအပြီးတွင် ခရီးသည်များဖြစ်သည့် အသက် ၃၀ နှစ် အရွယ် ဒေါ်ဝေဝေစိုး နှင့် အသက် ၄၀ နှစ် အရွယ် ဒေါ်နိုင်နိုင်ဆွေ တို့ကို သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်းများ အဖြစ် တွေ့ရှိခဲ့ရသည်။
သေဆုံးသူ မိခင် ဒေါ်ဝေဝေစိုး၏ အလောင်းဘေးတွင်မူ ၎င်း၏ ၃ နှစ်အရွယ် သမီးငယ်လေး မခိုင်မြတ်မွန်ကို အသက်ရှင်လျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကားသမားအပါအဝင် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကိုလည်း AA က တွေ့ရှိခဲ့သည်။
AA က ARSA အဖွဲ့၏ အရပ်သားပစ်မှတ်ထား သတ်ဖြတ်မှုများကို ရှုတ်ချပြီး၊ နယ်စပ်ဒေသနေ ပြည်သူများ အနေဖြင့် လုံခြုံရေးအဖွဲ့များကို ကြိုတင်အသိပေးပြီးမှသာ သွားလာကြရန် အရေးပေါ် သတိပေးနှိုးဆော်ထား သည်။