ဒေသအတွင်း အီရန်၏ လက်တုန့်ပြန်မှု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်။ 

အီရန်နိုင်ငံ၏ တုံ့ပြန်တိုက်ခိုက်မှုများသည် ဒေသတွင်းရှိ နိုင်ငံပေါင်း ၆ နိုင်ငံထက်မနည်းသို့ ပျံ့နှံ့သွားခဲ့ရာ ဒူဘိုင်း၊ ဘာရိန်း၊ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ဒူဘိုင်းမြို့ရှိ Fairmont ဟိုတယ်အား ဒုံးကျည်ထိမှန်၍ မီးလောင်ကျွမ်းခဲ့သဖြင့် လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဘူဒါဘီလေဆိပ်တိုက်ခိုက်ခံရမှုတွင် လူ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းနှင့် အထပ်မြင့်အဆောက်အအုံတစ်ခုတို့ တိုက်ခိုက်ခံခဲ့ရသလို၊ ကူဝိတ်နိုင်ငံတကာလေဆိပ်သို့လည်း ဒရုန်းတစ်စင်း ပျက်ကျသဖြင့် အဆောက်အအုံ ပျက်စီးကာ ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့သည်။ 

ဂျော်ဒန်နိုင်ငံ Irbid မြို့တွင်လည်း ဒုံးကျည်အပိုင်းအစများကြောင့် မီးလောင်မှုများဖြစ်ပွားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် အီရတ်ရှိ Kataib Hezbollah နှင့် ယီမင်ရှိ ဟူသီ (Houthi) အဖွဲ့တို့ကလည်း အမေရိကန်စစ်စခန်းများကို တိုက်ခိုက်မည်ဟု ကြေညာကာ စစ်ပွဲအတွင်း ပါဝင်လာခဲ့ကြသည်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ဤတိုက်ခိုက်မှုများသည် မိမိကိုယ်ကိုယ်ခုခံကာကွယ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တိုက်ခိုက်ခံရသည့်နိုင်ငံများက ယင်းသည် အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြသည်။