ပြင်သစ်ကနျူကလီးယား လက်နက်များ အရေအတွက် တိုးမြှင့်မည်၊ ဥရောပ နိုင်ငံများကို ဖိတ်ခေါ် လုပ်ဆောင်မည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။ 

ပြင်သစ်သမ္မတ မက်ခရွန်က နျူကလီးယားအင်အားကို မြှင့်တင်သွားမည် ဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် ဥရောပမဟာမိတ်များကိုလည်း ပါဝင်ခွင့်ပြုမည်ဟု မတ်လ ၂ ရက်နေ့က ကြေညာလိုက်သည်။ 

ပြင်သစ်သမ္မတ မက်ခရွန်က ပြင်သစ်၏ နျူကလီးယားလက်နက် အရေအတွက်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင် ဖြစ်သည်။ လက်ရှိတွင် ပြင်သစ်သည့် ကမ္ဘာ့စတုတ္ထအကြီးဆုံး နျူကလီးယားပိုင်ရှင်ဖြစ်ပြီး ထိပ်ဖူးပေါင်း (၂၉၀) ခန့် ရှိသည်။ 

ယခင်က ဥရောပနိုင်ငံများသည် အမေရိကန်၏ နျူကလီးယားကာကွယ်မှုကိုသာ အဓိက အားထားခဲ့ကြသည်။  

ယခုအခါတွင် ပြင်သစ်က ဂျာမနီ၊ ပိုလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံများကို ပြင်သစ်၏ နျူကလီးယားစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခွင့်ပြုတော့မည် ဖြစ်သည်။ 

ပြင်သစ်ရဲ့ နျူကလီးယားတင်ဆောင်နိုင်သည့် လေယာဉ်များကို အခြားဥရောပမဟာမိတ်နိုင်ငံများ၏ အခြေစိုက်စခန်းများတွင် ထားရှိရန် အထိ မက်ခရွန်က ရည်ရွယ်ထားသည်။ ယင်းမှာ ရန်သူများက ဥရောပကို မတိုက်ခိုက်ရဲအောင် ကြိုတင်ဟန့်တားမည့် မူဝါဒသစ် ဖြစ်သည်။ 

ဂျာမနီအဓိပတိသစ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) နဲ့ မက်ခရွန်တို့သည် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Nuclear Steering Group) တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ယခုနှစ်အတွင်းမှာပင် လက်တွေ့ကျသော စစ်ရေးပူးပေါင်းမှုများကို စတင်တော့မှာလည်း ဖြစ်သည်။ 

ပြင်သစ်က သူ့နိုင်ငံအတွက် နျူကလီးယား လက်နက်အရေအတွက် တိုးမြှင့်သွားရုံမကပဲ နျူကလီးယား ကိစ္စတွင် ဥရောပကို ဦးဆောင်သွားမည့် သဘော ဖြစ်သည်။