စစ်ပွဲ၏ ဒုက္ခအခက်အခဲများကိုသာ အသားပေးရန်သတင်းထောက်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က သတင်းထောက်များအနေဖြင့် စစ်ပွဲသတင်းများ ဖော်ပြရာတွင် အာဏာရှိသူများ၏ ဝါဒဖြန့်မှုများထက် စစ်ဘေးသင့်ပြည်သူများ၏ ဒုက္ခအခက်အခဲများကိုသာ အလေးပေးဖော်ပြကြရန် တိုက်တွန်းလိုက်ပါသည်။
၎င်းက စစ်ပွဲကို ဗီဒီယိုဂိမ်းတစ်ခုကဲ့သို့ ဖျော်ဖြေမှုဆန်ဆန် တင်ဆက်ခြင်းမျိုး မလုပ်ရန်လည်း သတိပေးခဲ့ပါသည်။
အီတလီရုပ်သံ TG2 နှင့် တွေ့ဆုံရာတွင် ပထမဆုံးသော အမေရိကန်နွယ်ဖွား ပုပ်ရဟန်းမင်းကြီးဖြစ်သည့် လီယို ၁၄ က စစ်ဘေးသင့် နစ်နာသူများ၏ အမြင်ဖြင့် သတင်းတင်ဆက်ကြရန် တောင်းဆိုခဲ့သည်။
ယခင်ကလည်း ပုပ်ရဟန်းမင်းကြီးက လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲအား ချက်ချင်းရပ်တန့်၍ အပစ်အခတ်ရပ်စဲရန် အပြင်းအထန် တောင်းဆိုနေခဲ့သည်။