ရုရှား သိမ်းထားသည့် ခရိုင်းမီးယားတွင် ဓါတ်ဆီပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။ 

ရုရှား သိမ်းပိုက်ထားသည့် ယူကရိန်း နိုင်ငံ ကရိုင်းမီးယားတွင် စစ်သုံးဆီ သိုလှောင်ရုံး ကြီး မီးလောင်ပြီးနောက် အရပ်သားများအား ဓါတ်ဆီရောင်းချပေးခြင်းကို ရပ်ဆိုင်းထားလိုက်သည်။ 

ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားစစ်ရေးနှင့် စွမ်းအင်ပစ်မှတ်များကို ယူကရိန်း ဒရုန်းဖြင့် တိုက်ခိုက် ရုရှားတို့ ထိန်းချုပ်ထားသည့် ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်ကို ယူကရိန်းဘက်က ဒရုန်းယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မနေ့က ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။ 

ရုရှားကျောထောက်နောက်ခံပြု ဒေသခံအာဏာပိုင်များ၏ အဆိုအရ အဆိုပါတိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ အဓိက စက်သုံးဆီသိုလှောင်ရုံကြီးတစ်ခု မီးလောင်ကျွမ်းခဲ့သည်။ 

ခရိုင်းမီးယားအုပ်ချုပ်ရေးမှူး ဆာဂေး အာဆီယိုနော့ဗ် (Sergey Aksyonov) က ပြည်သူများသို့ စက်သုံးဆီ ရောင်းချပေးနေမှုကို ချက်ချင်းရပ်ဆိုင်းရန်နှင့် အစိုးရပိုင်ကုမ္ပဏီများကိုသာ ဦးစားပေး ရောင်းချသွားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ညတွင်းချင်း၌ပင် ယူကရိန်း၏ ဒရုန်းအစင်းပေါင်းရာချီကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောဆိုသည်။

သို့ရာတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy) က ခရိုင်းမီးယားတံတား၏ နှစ်ဖက်စလုံးရှိ ရုရှား၏ စစ်ရေးနှင့် ရေကြောင်းထောက်ပံ့ရေး လမ်းကြောင်းများကို အောင်မြင်စွာ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ 

ကရက်စနိုဒါ (Krasnodar) ဒေသရှိ ဆီသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၊ ကာ့ခ်ျ (Kerch) မြို့ရှိ ဆီသိုလှောင်ရုံများအပြင်၊ ရုရှား၏ စစ်ရေးထောက်ပံ့ရေးစနစ်များ၊ S-400 လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်း ၄ ခုနှင့် ပန်ဆာ (Pantsir) ဒုံးကျည်စနစ် ၂ ခုတို့ကိုပါ အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။