တောင်ကြီးနှင့် ကလောရှိ စက်သုံးဆီဆိုင်အချို့ တပြိုင်နက် ဖောက်ခွဲသတိပေးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် မှောင်ခိုထုတ်လုပ်ရောင်းချနေသည် ဟု သတင်းထွက်နေသော စက်သုံးဆီအရောင်းဆိုင်အချို့ အသံမိုင်းဖြင့် တပြိုင်နက် ဖောက်ခွဲ သတိပေးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာရှိ Danko ဆီဆိုင်၊ Lucky Green Land ဆီဆိုင်နှင့် ကလောမြို့နယ် ဟဲဟိုးမြို့ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၉၆/၉၇ ကြားရှိ နေရာတို့တွင် ဇွန်လ ၂၁ ရက်နေ့၊ ည ၁၁ နာရီခန့်က ပေါက်ကွဲမှုများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တောင်လေးလုံးကျေးရွာတွင် နေထိုင်သူတစ်ဦးက အဲဆီဆိုင်တွေက မှောင်ခိုထုတ်နေတာတော့ မြင်နေတွေ့ နေ တာမျိုးတော့ ရှိတယ်။ ဝေယာဉ် (W) လည်း ရောင်းမပေးတော့ လုပ်ကြတာနေမှာပေါ့။ ဌာနဆိုင်ရာ လူတွေ လည်း ဝင်ထွက်ကြတယ်။ ဒီကာလ ဆီဆိုင်တွေက အချိုးမပြေတာချင်းက အတူတူပဲ ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့် Danko ဆီဆိုင်၏ မြောက်ဘက် ပေ ၃၀ ခန့်အကွာ မီးရထားလမ်းဘေးနေရာတွင် ဆီဆိုင် မျက်နှာကျက်၊ တံခါးဘောင်မှန်များနှင့် ပရိဘောဂအချို့ ထိခိုက်ပျက်စီးခဲ့သလို၊ Lucky Green Land ဆိုင် အနောက်မြောက်ထောင့်ရှိ အုတ်တံတိုင်းအောက်ခြေ ပေါက်ကွဲမှုတွင်လည်း အုတ်တံတိုင်း၊ နံရံနှင့် မျက်နှာကျက် များ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ 

တောင်ကြီးမြို့တွင်း နေထိုင်သူတစ်ဦးကလည်း ဝုန်း ဆို အကျယ်ကြီးကြားတော့ ရုတ်တရက် မိုးကြိုးချတာ လား ဘာလား ၃ ချက်ဆက်တိုက်ပဲ။ နောက်တော့ စစ်ကားတွေ တဝီဝီနဲ့ တန်းစီဆင်းသွားကြတာ။ တောင် လေးလုံးမှာဆို ဘယ်လောက်တောင် ကျယ်လိမ့်မလဲ ဟု ပြောသည်။

ရှမ်းပြည် တောင်ပိုင်းရှိ ညောင်ရွှေ၊ တောင်ကြီးနှင့် ကလောမြို့နယ်တို့တွင် ၂၀၂၃ ခုနှစ်အလယ်ပိုင်းက မြို့ပြ ပြောက်ကျား (UG) အဖွဲ့များ ဆုတ်ခွာသွားပြီးနောက်ပိုင်း ပေါက်ကွဲမှုများ မဖြစ်ပွားသည်မှာ ၃ နှစ်ကျော်ခန့် ကြာ မြင့်နေပြီဖြစ်ရာ ယခုဖြစ်စဉ်ကြောင့် မြို့ပြပြောက်ကျားအဖွဲ့များ ပြန်လည်လှုပ်ရှားလာပြီလောဟု ဒေသခံများ အကြား ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်သုံးဆီဆိုင်နှစ်ဆိုင်အား စက်သုံးဆီ ဝယ်ယူရောင်းချခွင့် ပိတ်ပင်ထား သည်ဟု ဒေသခံများက ပြောသည်။ 

ထို့ပြင် စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ အရှိန်အဟုန် ဖြင့် လုပ်ဆောင်နေသောကြောင့် လမ်းသွားလမ်းလာ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေရ သည်။